သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Nizhny Novgorod State Technical University သို့ သွားရောက်လေ့လာ၊ မြန်မာပညာတော်သင်ကျောင်းသားများနှင့်တွေ့ဆုံ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Nizhny Novgorod State Technical University သို့ သွားရောက်လေ့လာ၊ မြန်မာပညာတော်သင်ကျောင်းသားများနှင့်တွေ့ဆုံ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / May 22, 2026
နေပြည်တော်၊ မေ ၂၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Nizhny Novgorod မြို့သို့ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် Nizhny Novgorod State Technical University (NNSTU) သို့ ရောက်ရှိရာ ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တက္ကသိုလ်၏ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ် များနှင့် NNSTU တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ NNSTU ၏ ပါမောက္ခချုပ် Dr. Sergey M. Dmitriev၊ Rosatom ၏ Mayak Academy မှ ဒါရိုက်တာ Ms. Maria V. Zotova၊ မဟာဌာနအသီးသီးမှ ဌာနမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲပြီးနောက် တက္ကသိုလ်၏စာသင်ခန်းများနှင့် လက်တွေ့ခန်းများကို လှည့်လည် ကြည့်ရှုလေ့လာခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Nizhny Novgorod မြို့၌ ပညာတော်သင်ရောက်ရှိနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး ပညာတော်သင်ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ANO Gorky Tech သို့ သွားရောက်ခဲ့ရာ၊ တာဝန်ရှိသူများက အဆိုပါအဖွဲ့အစည်း၏ ဒေသတွင်းအိုင်တီကုမ္ပဏီများနှင့်ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ANO Gorky Tech သည် အစိုးရ မဟုတ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း (Autonomous Non-Profit Organization – ANO) ဖြစ်ပြီး၊ ဒေသတွင်းအိုင်တီကုမ္ပဏီများကို အကူအညီပေးရန်၊ နည်းပညာကုမ္ပဏီအသစ်များကို မြေတောင်မြှောက်ပေးရန်၊ ဒေသ၏ ဒီဂျစ်တယ် ကဏ္ဍတစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အိုင်တီဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတစ်ခုဖြစ်ကြောင်း သိရှိရသည်။
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 02, 2023

