သီးနှံများကို စိုက်ပျိုးထုတ်လုပ်သည့်အဆင့်မှ စားသုံးသည့်အဆင့်အထိ ကွင်းဆက်တစ်လျှောက်တွင် လေလွင့်ဆုံးရှုံးမှုလျှော့ချရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိ
သီးနှံများကို စိုက်ပျိုးထုတ်လုပ်သည့်အဆင့်မှ စားသုံးသည့်အဆင့်အထိ ကွင်းဆက်တစ်လျှောက်တွင် လေလွင့်ဆုံးရှုံးမှုလျှော့ချရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 26, 2025

နေပြည်တော် ဇူလိုင် ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shandong ပြည်နယ်၊ Jinan မြို့၌ ဇူလိုင်၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိသည့် 2025 Inter national Conference on Reducing Food Loss and Waste ညီလာခံသို့ Online ဖြင့် တက်ရောက်သည်။
ညီလာခံကို တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၊ The National Food and Strategic Reserves Administration နှင့် Shandong ပြည်နယ်အစိုးရတို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ဌာနေကိုယ်စားလှယ်၊ ကမ္ဘာ့စားရေရိက္ခာအစီအစဉ်မှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ Shandong ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ The National Food and Strategic Reserves Administration မှ ဒုတိယဥက္ကဋ္ဌ၊ ပညာရှင်များနှင့် အခြားဖိတ်ကြားထားသော သက်ဆိုင်ရာနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ညီလာခံတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စားရေရိက္ခာ လျော့နည်းဆုံးရှုံးမှု၊ အလေအလွင့် ဖြစ်မှုအားလျှော့ချရန် လူထုအခြေပြုစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများကို စိုက်ပျိုးထုတ်လုပ်သည့်အဆင့်မှ စားသုံးသည့်အဆင့်အထိ ကွင်းဆက်တစ်လျှောက်တွင် လေလွင့်ဆုံးရှုံးမှု လျှော့ချရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ချက် ပြည့်မီရေးအတွက် စားရေရိက္ခာစနစ် စဉ်ဆက်မပြတ် ရရှိစေရေးသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်များစွာထွက်ရှိရန် အရင်းအမြစ်များစွာရှိသော်လည်း စားရေရိက္ခာ တန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက်တွင် ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက်သာမက လေလွင့်ဆုံးရှုံးမှုများကို လျှော့ချရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အထူးသဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရိတ်သိမ်းခြွေလှေ့မှု၊ သယ်ယူပို့ဆောင်မှု၊ ကြိတ်ခွဲပြုပြင်မှု၊ စားသုံးမှုအဆင့်များတွင် ဖြစ်ပေါ်နိုင်သည့် လေလွင့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေး အသိပညာ ပေးခြင်း၊ မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သီးနှံအထွက်တိုးရေး၊ အလေအလွင့်နည်းပါးရေးကို တောင်သူပူးပေါင်းပါဝင်သောနည်းဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ကမ္ဘာနှင့်အဝန်း ကြိုးပမ်းမှုများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
အများပြည်သူသို့ အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 24, 2025
အများပြည်သူသို့ အသိပေးကြေညာချက်
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 23, 2025
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 23, 2025
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း