ဟားခါးမြို့ရှိ ဒေသခံပြည်သူများအတွက် စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာကြိုဆို
ဟားခါးမြို့ရှိ ဒေသခံပြည်သူများအတွက် စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာကြိုဆို
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 22, 2026
နေပြည်တော် မေ ၂၁
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက် ရှိသည့်ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) များကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများအား အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ပြီး အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ အကြမ်းဖက်သမားများကြောင့် ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရ အုပ်ချုပ်မှုယန္တရားများ ပြန်လည် လည်ပတ်ကာ ဒေသခံပြည်သူလူထု၏ လူမှု၊ စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်ဖော်ဆောင်ပေးနိုင်ရေး၊ စားသောက်နေထိုင်မှု အဆင်ပြေစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်သည် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ချင်းပြည်နယ် ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခုအခါ ဟားခါး-ဖလမ်း-တီးတိန်-တွန်းဇံ-ကျီးခါးလမ်းကြောင်းနှင့် ကလေး-သိုင်းငင်း-ဖလမ်း-ဟားခါး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိပြီး ၎င်းတို့အတွက်လိုအပ်သည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ မြို့ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကူညီထောက်ပံ့ရေးပစ္စည်းများပါဝင်သည့် မော်တော်ယာဉ် များနှင့် မော်တော်ဆိုင်ကယ်များသည် မေ ၂၀ ရက်တွင် ဖလမ်းမြို့သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
အဆိုပါ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများပါဝင်သည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ယနေ့တွင် ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာကြပြီး ဟားခါးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေချောမွေ့စေရေး၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များနှင့် စာရေးကိရိယာများ အချိန်မီရောက်ရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများသည် ဟားခါးမြို့သို့ ယနေ့ညနေပိုင်းတွင်ရောက်ရှိကြရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အိုးစည်ဒိုးပတ်များ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကျေးဇူးတင်ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
အကြမ်းဖက် သောင်းကျန်းသူများသည် ကလေး- သိုင်းငင်း- ဖလမ်း - ဟားခါး ဆက်သွယ်ရေး လမ်းကြောင်းအား ယာယီစိုးမိုးပိတ်ဆို့ထားစဉ် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဟားခါးမြို့၌ စားသောက်ကုန်နှင့် လူသုံးကုန်များ ရှားပါးလာခြင်း၊ ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများဖြစ်ပေါ်ပြီး ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ဆေးဝါး၊ ဆေးရုံသုံးပစ္စည်းများ ပို့ဆောင်ရခက်ခဲခြင်းကြောင့် ဟားခါးမြို့ရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍတွင် အခက်အခဲများဖြစ်ပေါ်လာခြင်းနှင့် ဒေသထုတ်ကုန်များ တင်ပို့ရောင်းဝယ်နိုင်ခြင်းမရှိတော့သဖြင့် ဒေသစီးပွားရေး ကျဆင်းခြင်းတို့ကို ပြည်သူများအနေဖြင့် ခါးစည်းခံခဲ့ရကြောင်း သိရှိရသည်။
လက်ရှိတွင် ဟားခါးမြို့သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ဒေသခံပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများကတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုအခါ ကလေး-သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းကြောင်းတစ်လျှောက်တွင်လည်း ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ ပညာရည်မြင့်မားရေးများကို အစဉ်တစိုက်ဖော်ဆောင်ပေးလျက်ရှိပြီး တပ်မတော်အနေ ဖြင့်လည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နေ့မနား၊ ညမအား ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံ ပြည်သူများအနေဖြင့် ယခုအခါ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုတို့၏ အနှစ်သာရနှင့် အကျိုးကျေးဇူးများကို မျက်ဝါးထင်ထင် သိမြင်ခံစား တန်ဖိုးထားတတ်လာပြီး ဒေသတွင်းစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍများမှာလည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်တော့မည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 21, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
