ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်ဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / February 21, 2026


နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၀) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့၊ ဆားဝါးကျေးရွာအုပ်စု၊ ပိန်းလုံကျေးရွာ၌ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံရာ ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် မြှင့်တင်နိုင်ရေး၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ချင်စဖွယ် ခရီးသွားဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် ကြိုးစားဖော်ဆောင်သွားရေးနှင့် ကျေးရွာလူထုအကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရေးမှာကြားခဲ့ကာ ကျေးရွားလျှပ်စစ်မီးရရှိရေး္စနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးရွာလူထုအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေး ခရိုင်၊ တာဆန်းကျေးရွာရှိ အဝီစိရေတွင်းတူးဖော်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသရှိ သဘာဝအရင်းအမြစ်များနှင့် လိုက်လျောညီထွေ ရှိသည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ကဏ္ဍများတွင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသော ခရီးသွားလုပ်ငန်းများ မြှင့်တင်ဖော်ထုတ်ခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေး၊ ခရီးသွားလုပ်ငန်းကို အခြေပြုပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေးမှာကြားကာ ကျေးရွာနေပြည်သူများအတွက် ဆိုလာ နှင့်ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မိုင်းပန်မြို့ရှိ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊တာဝန်ကျရာ အခန်းကဏ္ဍမှ ဒေသ၏ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး မှာကြားသည်။

အလားတူ ဖေဖော်ဝါရီလ (၁၈) ရက်က မိုင်းပန်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ် သော မွေတော်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး အဆိုပါပရိယတ္တိစာသင်တိုက်အတွင်း ကျန်းမာရေးဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် မိုင်းပန်ဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ