အကျဉ်းထောင်/စခန်းအသီးသီး၌ ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများ ပြုလုပ်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 31, 2026


     အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီး၌ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း ၍ လစဉ်ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပြည်သူ့ဆေး ရုံကြီးမှ ဒေါက်တာ ဇင်လင်းထိုက်သည် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦးအား လည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဖြိုးဝေလင်းသည် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၃၇ ဦးအား လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ကော့သောင်းပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ စစ်နိုင်အောင်သည် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၂၀ ဦးအား လည်းကောင်း။

     အလားတူ ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ သက်တင် ဦးဆောင်သော အဖွဲ့ဝင် ၂ ဦးတို့သည် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၁၄၆ ဦး၊ အချုပ်သား/အချုပ်သူ ၁၃ ဦး၊ စုစု ပေါင်း ၁၅၉ ဦးတို့အား လည်းကောင်း။

     အလားတူ ဇန်နဝါရီ ၂၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးတို့သည် ဟင်္သာတအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၈၇ ဦး၊ အချုပ်သား/ အချုပ်သူ ၂ ဦး၊ စုစုပေါင်း ၈၉ ဦးအား လည်းကောင်း ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

Notification 26/2026

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023