အခြေခံပညာမူလတန်းနှင့် အခြေခံပညာအလယ်တန်းပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်


ပညာရေးဝန်ကြီးဌာန/ yangon / November 15, 2025


ရန်ကုန် ၂၀၂၅ နိုဝင်ဘာ ၁

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဦးစီးကျင်းပပြုလုပ်သည့် အခြေခံပညာမူလတန်းနှင့် အခြေခံပညာအလယ်တန်း ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသား ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၊ လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ၌ ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲသည် ယမန်နှစ်က လုပ်ငန်းများ၏ အားသာချက် အားနည်းချက်များကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီး ဌာနက ချမှတ်အကောင်အထည်ဖော်နေသည့် အမျိုးသားပညာရေးမဟာဗျူဟာအစီအစဉ် (NESP ၂၀၂၁-၂၀၃၀) ထဲမှ အဓိကကဏ္ဍတစ်ခုဖြစ်သည့် စစ်ဆေးအကဲဖြတ်ခြင်းကို တိုးတက်ကောင်းမွန် စေရေး ဆောင်ရွက်ရာတွင် ယခုကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အလွန်အရေးကြီး ပါကြောင်း။

စစ်ဆေး အကဲဖြတ်ခြင်း၊ စာမေးပွဲကျင်းပခြင်းသည် ကျောင်းသား ကျောင်းသူများ၏ လေ့လာ သင်ယူမှုကို ပိတ်ပင်တားဆီးခြင်းမျိုးမဟုတ်ဘဲ သင်ယူတတ်မြောက်မှုကို အားပေးပြီး ပညာရေးခရီး မှာ ရှေ့ဆက်ရန် အထောက်အကူပြုသည့် လုပ်ငန်းစဉ်ဖြစ်ရမည်ဖြစ်ပါကြောင်း။

အလယ်တန်းအဆင့် Grade-9 ပြီးမြောက်ခဲ့ပါက ပုံမှန်အခြေခံပညာရေးတွင် ဆက်လက် ပညာသင်ကြားနိုင်သလို မိမိဝါသနာပါရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများတွင် တက်ရောက်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူဆည်းပူးနိုင်သည့် အခွင့်အလမ်း လည်း ရှိနေပြီဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအတွက် စူးစမ်းလိုစိတ်ကို လှုံ့ဆော်နိုင် သည့်၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုနိုင်သည့်၊ သင်ယူမှု၏ နောက်တစ်ဆင့်ကို တံခါးဖွင့်ပေး နိုင်သည့် မေးခွန်းများ ပြုစုပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

အဆိုပါ သင်တန်းသည် G- 5, G - 9 ဆိုင်ရာ​ မေးခွန်းများ အဆင့်မီစွာ ​ဆောင်ရွက်နိုင်​ရေး သာတူညီမျှမှုရှိ​စေ​ရေး လုပ်​ဆောင်သည့် ​ဆွေး​နွေးပွဲဖြစ်ပြီး ​ဆွေး​နွေးပွဲသို့ Grade-5, Grade-9 ​ မေးခွန်း ထုတ်ပြန်နိုင်​ရေး ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမ ၅၇၀ တက်​​ရောက်ကြ​ပြီး သုံးရက်တာ ​ဆွေး​နွေးကြမည်ဖြစ်​ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on November 20, 2025

Myanmar National Human Rights Commission Statement No (14/ 2025)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on November 20, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023