အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသားများ လေ့လာရေးခရီးစဉ်များထွက်ခွာ
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသားများ လေ့လာရေးခရီးစဉ်များထွက်ခွာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 22, 2026
နေပြည်တော် မေ ၂၁
အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသားများသည် ယနေ့တွင် နေပြည်တော်လေတပ်စခန်းရှိ ပျံသန်းရေးအုပ်များသို့ သွားရောက်လေ့လာခြင်းနှင့် နေပြည်တော်ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခြင်းများ ဆောင်ရွက်ကြသည်။
ဦးစွာ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်း၊ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း၊ ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင်သင်တန်းစခန်း၊ မြစ်ကြီးနားသင်တန်းစခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ လွိုင်ကော်သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ မုံရွာသင်တန်းစခန်း၊ ဟုမ္မလင်းသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာသင်တန်းစခန်း၊ နေပြည်တော် သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်း၊ ပြည်သင်တန်းစခန်း၊ မန္တလေးသင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်းစခန်း စသည့်အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းစခန်းများမှ သင်တန်းသား အုပ်ချုပ်သူနည်းပြများနှင့် ဆရာ ဆရာမများသည် နေပြည်တော်လေတပ်စခန်းသို့ ယနေ့နံနက်ပိုင်းတွင်ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နေပြည်တော်လေတပ်စခန်း ပျံသန်းရေးအုပ်များရှိ လေယာဉ်/ရဟတ်ယာဉ်အသီးသီး၏ Cockpit ခန်းများ၊ လေယာဉ်ကိုယ်ထည်ခန်းများ၊ Flight Instrument များ၊ Engine Instrument များအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ထို့နောက် ပျံသန်းရေးအုပ်များရှိ တာဝန်ရှိသူများက လေယာဉ်/ ရဟတ်ယာဉ်အလိုက်စွမ်းပကားများ၊ ထမ်းဆောင်နိုင်သည့်လုပ်ငန်းတာဝန်များအား ရှင်းလင်းပြသကြသည်။
ဆက်လက်ပြီး သင်တန်းသားများသည် လေယာဉ် Simulator ခန်းသို့သွားရောက်ကာ တာဝန်ခံနည်းပြက Simulator မောင်းနှင်သည့် Procedure များ၊ Flight Instrument များ၏ လုပ်ဆောင်ပုံများကို လက်တွေ့ရှင်းလင်းသရုပ်ပြသခဲ့ပြီး သင်တန်းသားများက လေယာဉ် Simulator ဖြင့် လက်တွေ့မောင်းနှင်ပျံသန်းခြင်းများ ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် လေကြောင်းလူငယ်သင်တန်းသားများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြရာ တာဝန်ရှိသူများက ဘုရားသမိုင်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသားများသည် လိုဏ်ဂူတော်အတွင်းရှိ ပွင့်တော်မူပြီးသော ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ကဿပဘုရားနှင့် ဂေါတမဘုရား ကျောက်စိမ်းဆင်းတုတော်လေးဆူနှင့် သီရိလင်္ကာနှင့် တရုတ်နိုင်ငံတို့မှ ဗုဒ္ဓစွယ်တော်ပွားနှစ်ဆူအား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် သင်တန်းသားများက စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် စုပေါင်းအလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး သင်တန်းသားများသည် စေတီတော်မြတ်ကြီး အရှေ့ဘက်စောင်းတန်းရှိ ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် (နေပြည်တော်) သို့ သွားရောက်ကာ ရတနာဆင်ဖြူတော်များအား လေ့လာခြင်းနှင့် ဘုရားစောင်းတန်းတစ်လျှောက်ရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 21, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
