အင်းစိန်ဂျီတီအိုင်၌ EV နည်းပညာ အသိပညာပေးဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပ
အင်းစိန်ဂျီတီအိုင်၌ EV နည်းပညာ အသိပညာပေးဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / July 01, 2025
နေပြည်တော် ဇွန် ၃၀
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ် ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ် (EV)ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၂၇ နံနက် ၉ နာရီ၌ ရန်ကုန်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပပြုလုပ်သည့် EV နည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားအဖြစ် နိုင်ငံ့ရေမြေသဘာဝပတ်ဝန်းကျင်တို့ကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်ရေး၊ ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှုနှင့် စက်သုံးဆီများအတွက် နိုင်ငံခြားငွေသုံးစွဲရမှု လျှော့ချနိုင်ရေးတို့အပြင် မြို့ကြီးများတွင် လေထုအရည်အသွေး ညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန် စေသည့် ဆုလာဘ်များကို EV ကဏ္ဍဖွံ့ဖြိုးပါက တစ်ပါတည်း ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ အားသွင်းစနစ်များ အပါအဝင် သက်တမ်းစေ့သုံးစွဲနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များ၊စံချိန်စံညွှန်းများကို လိုက်နာ၍ အသုံးပြုရမည်ဖြစ်ကြောင်း EV ကဏ္ဍဖွံ့ဖြိုးမှုအတွက် EV Stakeholders အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် EV နည်းပညာ စာအုပ် စာစောင်များကို တာဝန်ရှိသူများ၊ ကျောင်းသားများ၊ EV သုံးစွဲသည့် ပြည်သူများထံ ပေးအပ်ပြီး အခမ်းအနား တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ EV အလုပ်ရုံ၌ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် EV နည်းပညာ အသိပညာပေး ဟောပြောမှုများကို ပြန်လည်မေးမြန်းဆွေးနွေး ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေ့လယ်ပိုင်း တစ်ဦးစီ ဟောပြောမှုများ၊ အဖွဲ့လိုက် ဆွေးနွေးမှုများနှင့် ဆွေးနွေးမှုရလဒ်များကို ပြန်လည်သုံးသပ်မှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် EV နည်းပညာ အသိပညာပေး ဟောပြောသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များထံ မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။
ကြေငြာချက်များ
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
အခွန်အယူခံခုံအဖွဲ့ / Posted on July 01, 2025
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
အမည်မည်းစာရင်းကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 01, 2025
၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on June 30, 2025