အင်းစိန်ဂျီတီအိုင်တွင် EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
အင်းစိန်ဂျီတီအိုင်တွင် EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / March 13, 2026
နေပြည်တော် မတ် ၁၃
အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ ယနေ့ နေ့လယ်တွင် Hybrid စနစ်ဖြင့် ကျင်းပသည့် EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများသုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာ ပြန့်ပွားရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ သည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှ ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် သာယာလှပရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေသည့် အစိမ်းရောင်စွမ်းအင်သုံးစွဲမှုမြှင့်တင်နိုင်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ ကာဗွန်လျှော့ချရေးနှင့် ပြည်သူများ ခေတ်မီလျှပ်စစ်ကား(EV)များကို တန်းတူသုံးစွဲနိုင်မှုမှသည် အကျိုးကျေးဇူးများကို ရရှိနိုင်ရေးတို့အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ် လမ်းပြမြေပုံနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်နေပြီး လုပ်ငန်းကော်မတီငါးခုက တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့သင်တန်းဆင်းပွဲသည် ရလဒ်ကောင်းတစ်ခုအဖြစ် မှတ်ယူနိုင်ပါကြောင်း။
သင်တန်းတာဝန်ခံများသည် သင်တန်းဆင်းများ၏ လုပ်ငန်းခွင်၌ ဆက်လက်အသုံးချမှုနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မှုများဆိုင်ရာ အချက်အလက်များ မှတ်တမ်းထားရှိရန်နှင့် ပြည်သူများနှင့် EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်၊ တက်ရောက်နိုင်မှုတို့နှင့်အညီ စိတ်ကြိုက်သင်တန်းများကို အရည်အသွေးစံနှုန်းပြည့်မီစွာ ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
သင်တန်းနည်းပြများသည် ပြိုင်ဆိုင်မှုပြင်းထန်ပြီး မြန်ဆန်စွာ ဖွံ့ဖြိုးနေသော EV နည်းပညာအရွေ့များကိုအမီ လိုက်ပါနိုင်ရေးအတွက် စဥ်ဆက်မပြတ် လေ့လာကြပြီး မိမိတို့၏ EV နည်းပညာစွမ်းရည်များနှင့် သင်တန်းသားများကို လေ့ကျင့်ပြသနိုင်မှု အရည်အသွေးများကို အစဥ်ဆန်းစစ်မွမ်းမံသွားကြရန် လိုအပ်ကြောင်း။
သင်တန်းဆင်းများသည် EV နည်းပညာများကို လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်နှင့် လုပ်ငန်းတူမိတ်ဆွေများကို ပြန်လည်မျှဝေရန်၊ ဘေးအန္တရာယ် ကင်းရှင်းစွာ သက်တမ်းပြည့် သုံးစွဲနိုင်ရေး EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ် ဖြစ်စေရေး အတွက် သင်တန်းမှ ပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပါသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းဆရာများထံ ဂုဏ်ပြုလက်မှတ် များနှင့် သင်တန်းဆင်းများထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။ ယင်းနောက် သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများ အားလုံး ကိုယ်စား သင်တန်းအတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြောကြားပါသည်။ ၄င်းသင်တန်း၌ EV Mechanics လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် သင်တန်းကာလ ၅ ရက် (သင်တန်းချိန် နာရီ ၃၀) ပို့ချခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူ ၃ ဦး၊ ကားဝပ်ရှော့များမှ သင်တန်းသား ၁၇ ဦးနှင့် ဌာနဆိုင်ရာ သင်တန်းသား ၅ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
ကြေငြာချက်များ
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Myanmar National Human Rights Commission Statement No. (3/ 2026)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on March 16, 2026
