အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) စီမံကိန်းအဖြစ် ဆောင်ရွက်မည့် နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 15, 2026
image_latest


နေပြည်တော် မေ ၁၄

ကျန်းမာရေးဝန်ကြီးဌာနက အစိုးရသစ်၏ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့်စီမံကိန်းတစ်ခုဖြစ်သည့် နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်စတင်ကြောင်း အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ စီမံချက်ဆောင်ရွက်မည့် ဆေးရုံများမှ ပါမောက္ခများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်စီမံချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပိုမိုချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှန်ကျန်းကရုဏာဆေးပညာဆိုင်ရာ သိပ္ပံနှင့်နည်းပညာကုမ္ပဏီ (Benefm)မှ ဒုတိယဥက္ကဋ္ဌ Mr. Hu Cheng က စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(နှလုံးဆေးကု) ပါမောက္ခ ဒေါက်တာနွယ်နွယ်က နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ်စီမံချက် အကောင်အထည်ဖော်မှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နှလုံးရောဂါအန္တရာယ်အကဲဖြတ် စနစ်ဆောင်ရွက်ခြင်း ဗီဒီယိုနှင့် လူနာများတွင် AI ECG တပ်ဆင်ထားသည့် ဝတ်စုံများကိုဝတ်ဆင်၍ နှလုံးရောဂါအန္တရာယ်ကို ဆော့ဝဲလ်များဖြင့် အဖြေထုတ်မှုကိုပြသသည်။

မြန်မာနိုင်ငံနှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်သည် မြန်မာတရုတ် ပူးပေါင်းဆောင်ရွက် မှုအစီအစဉ်တစ်ရပ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့တွင် လူဦးရေတစ်သိန်းကို တစ်နှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း လွှမ်းခြုံဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေများသူများ၊ အားကစားသမားများ၊ လေယာဉ်မောင်းနှင်သူ Pilot များ၊ အဝေးပြေးယာဉ်၊ ခရီးသည်တင်ယာဉ်မောင်းများတို့သည် သက်သောင့်သက်သာ ဝတ်ဆင်နိုင်သော AI ECG တပ်ဆင်ထားသည့် ဝတ်စုံကိုအသုံးပြု၍ မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မထိခိုက်စေဘဲ ၂၄ နာရီပတ်လုံး နှလုံးရောဂါ အန္တရာယ်စစ်ဆေးမှုကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

ဗီဒီယိုများ