အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ စစ်တွေ၊ ဖေဖော်ဝါရီလ(၂၇)
အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ စစ်တွေ၊ ဖေဖော်ဝါရီလ(၂၇)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ နေပြည်တော် / February 27, 2026
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၂-၂၀၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းဂုဏ်ပြု လက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြဆရာမများအား ထောက်ပံ့ငွေနှင့် ဂုဏ်ပြုလက်မှတ်ပေး အပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ယခု သင်တန်းကို (၁၂-၁-၂၀၂၆)ရက်နေ့မှ (၂၀-၂-၂၀၂၆) ရက်နေ့ အထိ (၁)လကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသူစုစုပေါင်း(၃၀)ဦး တက်ရောက်သင်ကြား အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
ကြေငြာချက်များ
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန / Posted on March 05, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 04, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 03, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
