အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချပွဲကျင်းပ
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 27, 2026
နေပြည်တော် ဇန်နဝါရီ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ရာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ (ရန်ကုန်) မှ အထွေထွေအတွင်းရေးမှူးဆရာတော် အရှင်သုစိတ္တက မေတ္တာတရားထွန်းကားရာ အမိမြန်မာနိုင်ငံကြီးသည် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းလုံးဝမရှိကြောင်း ဟောပြောသည်။ ယင်းနောက် တက်ရောက်လာကြသူများက “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ အောင်မြင်ပါစေ”၊ “လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု မဟုတ်မမှန်စွပ်စွဲနေကြသူများအား အလိုမရှိ”၊ “လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု သက်သေခိုင်လုံခြင်းမရှိဘဲ စွပ်စွဲနေမှုများ ချက်ချင်းရပ်” စသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတကာဥပဒေများနှင့်အညီ တုံ့ပြန်ချေပရင်ဆိုင်ဖြေရှင်းနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံအားပေးဂုဏ်ပြုကြောင်း ဟောပြောသည်။ ၎င်းနောက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်) ၏ သဘောထားထုတ်ပြန်ချက်ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဖတ်ကြားပြီး တတ်ရောက်လာကြသူများက နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်၍ ကန့်ကွက်ရှုတ်ချခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on January 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
