အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2026
image_latest

နေပြည်တော် မေ ၇

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီသည် မေ ၅ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့နှင့် မေ ၁၂ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် ရန်ကုန် (Auditorium) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနနင့် ဆက်နွှယ်သည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာ့ကပ်ရောဂါဘေးကာလတွင် ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ လူသားများ၏ အသက်ဘေးအန္တရာယ်များကို ဘေးကင်းလုံခြုံစေရန်ဆောင်ရွက်ခဲ့ပြီး လူသားများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါကြောင်း၊ အရေးပေါ်လူနာများကို အချိန်မီပြုစုကုသကယ်ဆယ်ရာတွင် သူနာပြုသားဖွားများ၏ ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှု၊ သူနာပြုကျင့်ဝတ်ကိုလိုက်နာ၍ နေ့ညမရွေး တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် များစွာဂုဏ်ယူကျေနပ်ပါကြောင်း၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကိုပေးရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များအောင်မြင်ရန် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုသားဖွားသင်တန်းကျောင်းနှင့် သူနာပြုတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေသီဆိုပြီး ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွင်း ဆေးပညာရှင်တံဆိပ် (တတိယအဆင့်) ရရှိသူ တစ်ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ရရှိသူ ၃၃ ဦးတို့အား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က ထပ်ဆင့်ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီသို့ အလှူငွေများပေးအပ်ခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

ဒုတိယပိုင်း အစီအစဉ်တွင် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့၏ ဆောင်ပုဒ်ဖြစ်သော “One Million More Midwives” (မိခင်နှင့်ကလေးကျန်းမာရေး၊ သားဖွားဆရာမများ ပိုမိုမွေးထုတ်ပေး) နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ ဆောင်ပုဒ်ဖြစ်သော “Our Nurses. Our Future. Empowered Nurses Save Lives” (အနာဂတ်ကမ္ဘာ ကျန်းမာဖွံ့ဖြိုးဖို့ သူနာပြုစွမ်းရည်မြှင့်တင်လို့ အသက်ပေါင်းများစွာ ကယ်ဆယ်စို့) တို့ကို မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ရှင်းလင်းပြောကြားကာ သူနာပြုသားဖွားနှင့် သက်ဆိုင်သော ပညာပေးအစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်ကြသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on May 07, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 07, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)

ဗီဒီယိုများ