အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ထိုးသတ်သည့် ယူအက်ဖ်စီ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ် ဂျိုရှုအာဗန်က ပြိုင်ဘက် ဂျပန်ကစားသမားကို အနိုင်ရရှိ
အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ထိုးသတ်သည့် ယူအက်ဖ်စီ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ် ဂျိုရှုအာဗန်က ပြိုင်ဘက် ဂျပန်ကစားသမားကို အနိုင်ရရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 10, 2026
နေပြည်တော် မေ ၁၀
အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သည့် ယူအက်ဖ်စီ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်သည် ပြိုင်ဘက်ဂျပန်ကစားသမား တက်ဆူရိုတိုင်ရာကို ပဉ္စမအချီတွင် အလဲထိုးအနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ပွဲတွင် ဂျိုရှူအာဗန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ တက်ဆူရိုတိုင်ရာ၏ချုပ်ကွက်များကို ရုန်းထွက်နိုင်ခဲ့ပြီး ၎င်း၏အားပြင်းတိကျသော လက်သီးချက်များဖြင့် ပြိုင်ဘက်အား ဖိအားပေးထိုးသတ်ကာ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အသက် (၂၄) နှစ်အရွယ် ဂျိုရှူအာဗန်သည် ပဉ္စမအချီပြီးဆုံးရန် ၁ မိနစ် ၃၂ စက္ကန့်အလိုတွင် ပြိုင်ဘက်အား အလဲထိုးအနိုင်ယူခဲ့ကာ ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယူအက်ဖ်စီတွင် ဒုတိယအသက်အငယ်ဆုံး ချန်ပီယံ ဂျိုရှူအာဗန်အနေဖြင့် လက်ရှိတွင် ယှဉ်ပြိုင်နိုင်ခဲ့မှုအားဖြင့် (၁၁) ပွဲထိုးသတ်ထားပြီး (၁၀) ပွဲနိုင်၊ (၁) ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသူလည်းဖြစ်ကြောင်း သတင်းရှိရသည်။
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန / Posted on May 08, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
အခွန်အယူခံခုံအဖွဲ့ / Posted on May 07, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 07, 2026