အမျိုးသားပြတိုက်(နေပြည်တော်) ပြန်လည်ဖွင့်လှစ်ပြသ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 12, 2026
image_latest


နေပြည်တော် မတ် ၁၁

မန္တလေးငလျင်ဒဏ်ကြောင့် အမျိုးသားပြတိုက်(နေပြည်တော်)၏ အဆောက်အအုံပိုင်းများ ထိခိုက်ပျက်စီးခဲ့၍ ခေတ္တပိတ်ထားခဲ့ရသော်လည်း ယခုအခါ အဆောင် A နှင့် B ကို ပြန်လည်ပြုပြင်မွမ်းမံပြီးဖြစ်သဖြင့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦး (ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစု) ပြခန်း၊ သမိုင်းတင်ခေတ် (အေဒီ ၁၁ ရာစု - ၁၄ ရာစု) ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနု သုခုမပြခန်းနှင့် လက်ဆောင်ပစ္စည်းများပြခန်း စုစုပေါင်းပြခန်း ခုနစ်ခန်းကို အများပြည်သူကြည့်ရှု လေ့လာနိုင်ရန်အတွက် မတ် ၁၀ ရက်မှစ၍ တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှ လွဲ၍ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ နေ့စဉ်ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။

ပြတိုက် ပြန်လည်ဖွင့်လှစ်ပြသသည့် အထိမ်းအမှတ်အဖြစ် မတ် ၁၀ ရက်မှ ၁၂ ရက်အထိ အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။ အမျိုးသားပြတိုက် (နေပြည်တော်) ပြန်လည်ဖွင့်လှစ်သည့် မတ် ၁၀ ရက်တွင် လာရောက်လေ့လာ ကြည့်ရှုသူများကို ပြတိုက်ဝန်ထမ်းများက ပြခန်းအလိုက် ရှင်းလင်းပြသခဲ့ကြောင်း သိရ သည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ