အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်ခြင်း


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / April 23, 2026


   အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများကို ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ၂၁-၄-၂၀၂၆ ရက်နေ့မှ ၂၃-၄-၂၀၂၆ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် Hybrid Format ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမော လက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များက In-person တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ‌ဦးဝင်းလှိုင်ဦး၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် ရုံးဝန်ထမ်းများက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

   အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သော ဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေး ကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဓိကတာဝန်ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်နေသော စွမ်းအင်အကျပ်အတည်းများကြောင့် လူ့အခွင့်အရေး ကျင့်သုံးခံစားမှုအပေါ် သက်ရောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဖိုရမ်အနေဖြင့် ပြင်ပ အဖွဲ့အစည်းများနှင့်ပတ်သက်သည့် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ဖိုရမ်၏ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (SCWG) ၏ တိုးတက်ဖြစ်ထွန်းမှုများ၊ ဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

   အစည်းအဝေးတွင် ဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလ အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အ‌ရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက ဆွေးနွေးခဲ့ပါ သည်။ ထို့နောက် SEANF ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ်များအနက် ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထား‌သော ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် “စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့်ကာကွယ်ရန်” ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေကို ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ‌ဆွေးနွေးခဲ့ပါသည်။

   ထို့နောက် “လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား ကာကွယ်ခြင်း - Defending the Defenders” ခေါင်းစဉ်ဖြင့် ဆက်စပ်ဆွေးနွေးပွဲကို ၂၂-၄-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှရှိ ကလေးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အပါအဝင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသော ဘေးအန္တရာယ်များနှင့် ဖိအားများအပေါ် အပြန်အလှန် ဆွေးနွေးခြင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ကာကွယ် စောင့်ရှောက်ခြင်းနှင့် ပံ့ပိုးကူညီခြင်းတို့တွင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် အကာအကွယ်နှင့် ပံ့ပိုးမှုများ ပိုမိုခိုင်မာ အားကောင်းစေမည့် မဟာဗျူဟာများဖော်ဆောင်နိုင်ရေးနှင့် စပ်လျဉ်း၍ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများအကြား အတွေ့အကြုံများနှင့် ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို အပြန်အလှန်ဆွေးနွေးခြင်းနှင့် အုပ်စုလိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး ကော်မရှင်မှ ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

   ဖိုရမ်၏ ဒုတိယမြောက် ဆက်စပ်ဆွေးနွေးပွဲကို “လူ့အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းများနှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှုဖိုရမ် (၂၀၂၆) - Forum on Human Rights, Business, and Climate Justice 2026” ခေါင်းစဉ်ဖြင့် ၂၃-၄-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် “ကြေညာစာတမ်းအဆင့်မှသည် လက်တွေ့လုပ်ဆောင်မှုအဆင့်သို့ အာဆီယံမူဘောင်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း - From Declaration to Action: Operationalizing the ASEAN Framework”၊ “အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေး - Business and Human Rights (BHR) in ASEAN” ၊ “နယ်စပ်ဖြတ်ကျော် ရာသီဥတု ဆိုင်ရာ တရားမျှတမှု - Transboundary Climate Justice” ၊ “ရာသီဥတုဆိုင်ရာ တရားမျှတမှု - အပြန်အလှန်ဆက်နွှယ်နေသော မညီမျှမှုများကို ဖြေရှင်းဆောင်ရွက်ခြင်း - Climate Justice: Addressing Intersecting Inequalities” စသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြပြီး ကော်မရှင်မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

ဗီဒီယိုများ