အားကစားရေးရာဝန်ကြီးဌာန၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 22, 2026
image_latest


နေပြည်တော် ဧပြီ ၂၁

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများနှင့် တွေ့ဆုံခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၃၁) ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထပ်ဆင့် ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါးနှင့် စစ်တွေ) တို့မှ ကျောင်းအုပ်ကြီးများက In person စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် လွိုင်ကော်) တို့မှ ကျောင်းအုပ်ကြီးများက Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ အနာဂတ်အတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို အခြေခံအဆင့်ကစပြီး မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်ပြီး လူ့စွမ်းအားအရင်း အမြစ်များဖြစ်သည့် အသိပညာ၊ အတတ်ပညာရှင်များ များစွာလိုအပ်ပါကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးနှင့်တန်းတူ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများဖြစ်လာစေရန် ပဓာနကျပါကြောင်း၊ အားကစားကဏ္ဍမြင့်မားလာရေးနှင့် ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေးပညာသင်ကြားသည့် အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း။

အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်အတွက် နေရာများရှိရန်လိုကြောင်း၊ အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကိုလည်း အားကစားရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပေါင်းစပ်၍ ရက်ပေါင်း (၁၀၀) အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များ ရယူပေးခြင်းဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညီညီက တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် တာဝန်ယူဆောင်ရွက်နေမှု အခြေအနေများကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ရက်ပေါင်း (၁၀၀) စီမံချက်အဖြစ် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရန် လုပ်ငန်းအစီအမံ၊ လက်ရှိဆောင်ရွက်နေသည့် အစီအစဉ်၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို အသေးစိတ်စနစ်တကျရေးဆွဲပြီး ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

ဗီဒီယိုများ