အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှုဖြင့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦးတို့အား အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)မှ ဖမ်းဆီးထိန်းသိမ်း

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 17, 2026
နယူးဒေလီ မတ် ၁၇
အိန္ဒိယနိုင်ငံ၊ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ National Investigation Agency (NIA) သည် အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှုစွပ်စွဲချက်ဖြင့် နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုတွင် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား တစ်ဦးတို့ပါဝင်ပြီး ဖမ်းဆီးမှုများကို Delhi ၊ Kolkata နှင့် Lucknow တို့ရှိ လေဆိပ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါနိုင်ငံခြားသားများသည် အိန္ဒိယနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း တားမြစ်နယ်မြေဖြစ်သည့် Mizoram ပြည်နယ်သို့ ခွင့်ပြုမိန့်မပါဘဲသွားရောက်ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ဖြတ်ကျော်ခဲ့ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်လျက်ရှိသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ဥရောပမှ ဒရုန်းများကို တင်သွင်းကာ လက်နက်ကိုင်အဖွဲ့များထံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။
ဒေလီမြို့ရှိရာဇဝတ်ရုံးမှ အဆိုပါဖမ်းဆီးခံရသူများကို မတ်လ ၂၇ ရက်အထိ ထိန်းသိမ်းထားရှိရန် အမိန့်ချမှတ်ခဲ့ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း Indian Express သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
ကြေငြာချက်များ
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း