ဦးညိုစောအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ အလက်ဇန္ဒားတာချင်းထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 10, 2026
image_latest


နေပြည်တော် ဧပြီ ၉

ဦးညိုစောအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ အလက်ဇန္ဒားတာချင်းထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်

အဆွေတော် ဦးညိုစော

ဒုတိယသမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတအဖြစ် အဆွေတော် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဘယ်လာရုစ်သမ္မတနိုင်ငံကိုယ်စားနှင့် မိမိအနေဖြင့် ဝမ်းမြောက်ကြောင်း ပြောကြား လိုပါသည်။

အခွင့်ကြုံခိုက် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် အပြန်အလှန်ဖေးမမှုတို့ကိုအခြေခံပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် မြန်မာ-ဘယ်လာရုစ်ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်သွားရန် ကတိကဝတ်ကို မိမိအနေဖြင့် ထပ်လောင်းအတည်ပြုအပ်ပါသည်။

မိမိတို့နှစ်နိုင်ငံသည် နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် လူသားချင်းစာနာ ထောက်ထားမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ အဆင့်မြင့်တွေ့ဆုံမှုများတွင် ရရှိခဲ့သည့် သဘောတူညီမှုများကို အကောင်အထည်ဖော်ရန်နှင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် သဘောတူလက်ခံခဲ့သည့် ဒုတိယအကြိမ်မြောက် ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ဦးစားပေးကိစ္စရပ်များအဖြစ် အကောင်အထည်ဖော်သွားရန် ဖြစ်ပါသည်၊။

နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်၍ ဘယ်လာရုစ်နှင့် မြန်မာအစိုးရများအကြား ထိတွေ့မှုများ ဆက်လက်ဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်းနှင့် ကျန်းမာရွှင်လန်း၍ လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အလက်ဇန္ဒား တာချင်း

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ