ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအား လက်ကိုင်ဖုန်းဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှု လုပ်ဆောင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအား လက်ကိုင်ဖုန်းဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှု လုပ်ဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 14, 2025
အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆက်ကြေးငွေ တောင်းခံခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းထွန်း(၆၈)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ၎င်းကိုင်ဆောင်အသုံးပြုသောဖုန်းသို့ ဖုန်းခေါ်ဆို၍ “ခင်ဗျားကို အချိန်ပေးမည်၊ ထွက်မှာလား၊ မထွက်ဘူးလား၊ ခင်ဗျားကို သတိပေးတာ၊ တစ်ပတ်အတွင်း မထွက်ရင် ကျုပ်အဆိုးမဆိုနဲ့၊ ကျုပ်တို့က လုပ်စရာရှိတာ လုပ်မယ်” ဟု ခြိမ်းခြောက်ပြောဆိုခြင်း၊ နံနက် ၉ နာရီ ၅၅ မိနစ်တွင် Viber မှတစ်ဆင့် တောအတွင်းတစ်နေရာမှ မျက်နှာအား ဖုံးကွယ်ကာ လက်နက်ကိုင်ဆောင်ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံအား ပေးပို့ခြိမ်းခြောက်ခြင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် Viber မှ Video Call ခေါ်ဆို၍ “အုပ်ကြီး မင်းသတိထား မင်းကို တစ်ပတ်ပဲ အချိန်ပေးမယ်” ဟု ပြောဆိုခြိမ်းခြောက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖုန်းအမှတ် ၀၉ ၆၆၄၉၂၆၂၇၆၊ ကျည်ဇံ အမည်ဖြင့် Viber အကောင့်မှ ခေါ်ဆိုခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား ဖုန်းဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ် ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025
ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 12, 2025
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း