ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၅၄ မိုင် ၇ ဖာလုံနှင့် ၅၅ မိုင် ၀ ဖာလုံကြားတွင် ယာဉ်တိမ်းမှောက်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 05, 2026


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မင်းဆယ်ကျေးရွာအုပ်စု၊ လှိုင်းတာကျေးရွာအနီး မိုင်တိုင်အမှတ် ၅၄ မိုင် ၇ ဖာလုံနှင့် ၅၅ မိုင် ၀ ဖာလုံကြားတွင် ရန်ကုန်မှ ပုသိမ်သို့ ယာဉ်မောင်း ဦးဇော်မင်းထွန်း(၄၃)နှစ် မောင်းနှင်လာသော AYY-16၊ 3B-XXXX NISSAN CONDOR အမျိုးအစားကုန်ကား အပြာရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ခေါင်းခန်းအတွင်း ယာဉ်မောင်းညပ်နေကြောင်း သတင်းရရှိသဖြင့် ပန်းတနော်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။ 
     အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် AYY-16၊ 3B-XXXX NISSAN CONDOR အမျိုးအစားကုန်ကား အပြာရောင်ယာဉ်၏ ရှေ့လေကာမှန်ကွဲ ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်းအမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း နှစ်ဦးအနက် ယာဉ်မောင်း သေဆုံးခဲ့၍ ဦးဇော်မင်းထွန်း အား ပန်းတနော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန / Posted on March 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

ဗီဒီယိုများ