ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတနာရှင်ပြည်သူများ၏ပံ့ပိုးမှုတို့ဖြင့် ကုန်တင်ကုန်ချ အလုပ်သမား များနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 12, 2026


ပုသိမ် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတနာရှင်ပြည်သူများ၏ ပံ့ပိုးမှုတို့ဖြင့်ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံ ဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကုသပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးလာရောက်ကုသသည့် ကုန်တင်ကုန်ချလုပ်သားများ၊ စည်ပင်အခြေခံဝန်ထမ်းများကို ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ပေးခြင်း၊ သွေးစစ်ဆေးပေးခြင်းများနှင့်အရေပြားအထူးကုဆရာဝန်ကြီး၊ အထွေထွေ ရောဂါအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး၊ အရိုးနှင့် ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကု ဆရာ ဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးနှင့် မျက်စိ အထူးကုဆရာဝန်ကြီးများက ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့၍ ရင်းနှီးနွေးထွေးစွာ အားပေးနှုတ်ဆက်ခဲ့ပြီး တာဝန်ရှိသူများမှ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးမှု အခြေအနေများ အားရှင်းလင်းတင်ပြမှုအပေါ် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထူးကုဆရာဝန်ကြီးများကို လက်ဆောင် ပစ္စည်းများအားလည်းကောင်း၊ ပံ့ပိုးကူညီသည့် စေတနာရှင်ပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ခဲ့ပြီးနောက် စေတနာရှင်ပြည်သူများက ပုသိမ်ပြည်သူ့ ဆေးရုံးကြီးအတွက် အလှူငွေများ ဆက်လက်ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက လက်ခံရယူခဲ့ကြောင်းသိရသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 11, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 11, 2026

ဗီဒီယိုများ