၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲ ကျင်းပ
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲ ကျင်းပ
ပညာရေးဝန်ကြီးဌာန/ Naypyitaw / January 17, 2026
နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၇
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကို တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီး များသည် အရေးပါသည့် တက္ကသိုလ်ဝင်စာမေးပွဲများကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် အဓိက အခန်းကဏ္ဍမှ တာဝန်ယူကြရမည့်သူများဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲသည် ကျောင်းသား ကျောင်းသူများ၏ အနာဂတ်အတွက် ပညာသင်ယူခွင့် လမ်းကြောင်းများ ဖွင့်လှစ်ပေးမည့် တံခါးပေါက်များပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စာမေးပွဲသည် တရားမျှတမှုရှိရန်၊ စည်းမျဉ်း စည်းကမ်း နှင့်အညီ စနစ်တကျရှိရန်၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် စိတ်ဖိစီးမှု ကင်းဝေးပြီး လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ရန် အထူးပင်လိုအပ်ပါကြောင်း၊ ကြီးကြပ်ရေးမှူးများ ကြီးကြပ်ရမည့် စာစစ်ဌာနတိုင်းတွင် လုပ်ထုံးလုပ်နည်းအတိုင်း တိကျမှုရှိရမည် ဖြစ်ပါကြောင်း။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုံမှန်ရေးဖြေကြရမည့် ဘာသာရပ်များ အပြင် ပုံဆွဲဘာသာရပ်ကဲ့သို့ ပုံဆွဲခုံ၊ ပုံဆွဲစာရွက်များ လိုအပ်မည့် ဘာသာရပ်လည်းပါရှိသည့်အတွက် စာမေးပွဲကျင်းပရာတွင် လိုအပ်သည့် သင်ထောက်ကူပစ္စည်းကိရိယာများ၊ နေရာထိုင်ခင်းများနှင့် အချိန်စီမံခန့်ခွဲမှုများကို သမားရိုးကျ ဘာသာရပ်များထက် ပိုမိုအသေးစိတ်ကျကျ ပြင်ဆင်ထားကြရန် တိုက်တွန်းလိုပါကြောင်း၊ စာမေးပွဲတစ်လျှောက်လုံးတွင် မည်သည့်လွဲချော်မှုမျိုးမှ မရှိစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိရန်၊ မေးခွန်းလုံခြုံရေးကို အသေအချာ ထိန်းသိမ်းရန်၊ ဘက်လိုက်မှု မရှိဘဲ မျှတစွာကြပ်မတ်ဆောင်ရွက်ရန် အထူးအလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး ကြီးကြပ်ရေးမှူးများသင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ သင်တန်း ကျင်းပရေး ကော်မတီအတွင်းရေးမှူးက လက်ခံရယူသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများက စာမေးပွဲဆိုင်ရာ လုပ်ငန်းများ မှာကြားခြင်း၊ စာဖြေသူစာရင်းပြုစုခြင်း၊ စာစစ်ဌာနများ သတ်မှတ်ခြင်း၊ ကြီးကြပ်ရေးမှူး ခန့်ထားခြင်း အခန်း(၁)(၂)(၃)၊ စာမေးပွဲကာလ မေးခွန်းလွှာဆိုင်ရာ ညွှန်ကြားချက်များ အခန်း(၄)၊ ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့များဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန်များ အခန်း(၅)၊ စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ၊ ပြစ်ဒဏ်များ အခန်း(၆)၊ ကြီးကြပ်ခ၊ အသေးသုံးစရိတ်ဆိုင်ရာလုပ်ငန်းများ အခန်း(၇)တို့ကို သင်တန်းပို့ချခဲ့ ကြသည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းကို ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများ စုစုပေါင်း ၃၄၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 23, 2026
၁။ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-I တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာသနာနုဂ္ဂဟအသင်းအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 23, 2026
ရန်ကုန်တိုင်းဒေသကြီး၊ သာသနာနုဂ္ဂဟအသင်းအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်
မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း (MIFA) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 23, 2026
မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း (MIFA) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်
