‎မြို့သစ်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲရေးနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / February 03, 2026
image_latest

‎မြို့သစ်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲရေးနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်းဖွင့်လှစ်

‎********************************

‎မြို့သစ်        ဖေဖော်ဝါရီ         ၃

‎မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲရေးနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်းပို့ချခြင်းကို ယနေ့နံနက် ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။ပထမဦးစွာ

ပထမဦးစွာ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူအောင်က စီမံကိန်းရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ ငွေစာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းတတ်စေရန်နှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူစေရန်အတွက် မြစိမ်း ရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲရေးနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

‎ဆက်လက်၍ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများနှင့် ငွေစာရင်းထိန်းသိမ်းနည်း ဆိုင်ရာ ဆောင်ရန် ရှောင်ရန်အချက်များကို အသေးစိပ် ဆွေးနွေးပြောကြားသည်။

‎‎အဆိုပါသင်တန်းသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်လျက်ရှိသည့် ရွှေဘို၊ ဘော့၊ ငါးလုံးဖို၊ လယ်ပြင်စု၊ နဘဲကုန်း၊ ရွာသစ်၊ လှေဝန်း၊ မိုးကောင်း၊ ပန်းတောကျေးရွာနှင့် မြေပြင်သာကျေးရွာတို့မှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၀-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on February 03, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၀-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 02, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 01, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023