(၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် သစ်ပင်စိုက်ပျိုးပွဲနှင့် သမဝါယမခြံထွက်ကြက်ဥလှူဒါန်းပွဲကျင်းပ
(၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် သစ်ပင်စိုက်ပျိုးပွဲနှင့် သမဝါယမခြံထွက်ကြက်ဥလှူဒါန်းပွဲကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / December 17, 2025
မကွေး ဒီဇင်ဘာ ၁၆
မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလ ၁၃ ရက်နေ့က မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနရှိ ဝန်ထမ်းနှင့်မိဘမဲ့ကလေးများအား သမဝါယမအသင်းစုချုပ်ခြံထွက်ကြက်ဥ (၂၅၅)လုံးနှင့် ကလေးအသုံးအဆောင်ပစ္စည်းများအား လည်းကောင်း၊ မကွေးမြို့ အောင်မေတ္တာ(က)ရပ်ကွက်နေ အိမ်ထောင်စု(၆၀)စု၏ မိသားစုဝင်များအား တစ်ဦးလျှင် ကြက်ဥ (၁၀)လုံးနှုန်းဖြင့် အလုံး(၆၀၀)အား ပေးအပ်လှူဒါန်းခဲ့သည်။
အလားတူ မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန အသင်း ဝန်ထမ်းများမှ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မကွေးမြို့နယ် သမဝါယမအသင်းစု ဆီစက်ဝန်း အတွင်း နှစ်ရှည်ပင်နှင့် အလှမြက်စိုက်ခင်းများအား တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဇော်ထွန်း၊ တိုင်းဒေသကြီးအသင်းစုချုပ် ဥက္ကဋ္ဌ၊ အသင်းစု ဥက္ကဋ္ဌနှင့် ဝန်ထမ်းများမှ စုပေါင်း၍ ဂုဏ်ပြုစိုက်ပျိုး ခဲ့ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း (ပြန်ဆက်)
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ရုပ်ရှင်ဆိုင်ရာ လိုင်စင်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 17, 2025
ရုပ်ရှင်ဆိုင်ရာ လိုင်စင်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၆/၁၇-၁၂-၂၀၂၅)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန / Posted on December 17, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on December 15, 2025
