(၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချ ကွန်ဖရင့်သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ပါဝင်တက်ရောက်ခြင်း
(၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချ ကွန်ဖရင့်သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ပါဝင်တက်ရောက်ခြင်း
ကော်မရှင်နှင့်ကော်မတီများ/ yangon / October 12, 2024
(၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချ ကွန်ဖရင့်ကို ကျန်းမာရေး ကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း (Topical Issues of Human Rights Protection on Health Care) ခေါင်းစဉ်ဖြင့် ၁၀-၁၀-၂၀၂၄ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ Hybrid format ဖြင့် ကျင်းပခဲ့သည်။
အဆိုပါကွန်ဖရင့်သို့ ကမ္ဘာ့နိုင်ငံ ၅၆ နိုင်ငံမှ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များက In-person တက်ရောက်ခဲ့ကြပြီး တာဂျစ်ကစ္စတန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာသန်းမြင့် နှင့် ဒေါက်တာတင်မောင် မောင်သန်း၊ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အဆိုပါကွန်ဖရင့်တွင် ကျန်းမာရေးကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက် ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာနိုင်ငံအလိုက် ဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ် တိုးတက်မှုများကို ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်ကို အခြေခံလူ့အခွင့်အရေးအဖြစ် အလေး ပေးဆောင်ရွက်နေပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုသည် အထူးအခွင့်အရေးတစ်ခု မဟုတ်ဘဲ လူတိုင်းနှင့်သက်ဆိုင်သည့် အခြေခံအခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းကို ထောက်ခံအတည်ပြုခဲ့သည့် နိုင်ငံဖြစ်ပြီး စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(International Covenant on Economic, Social and Cultural Rights - ICESCR) ကိုလည်း ပါဝင်ချုပ်ဆိုထား ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ပြည်သူ့ကျန်းမာရေးဥပဒေနှင့် လူမှုဖူလုံရေး ဥပဒေစသည့် ကျန်းမာရေးအခွင့်အရေးများကို အလေးပေးစောင့်ရှောက်သော ပြည်တွင်းဥပဒေများကို ပြဋ္ဌာန်းခဲ့ကာ ကျန်မာရေးစောင့်ရှောက်မှုကဏ္ဍကို အလေးပေးဆောင်ရွက်နေပါကြောင်း၊ လူ့အခွင့်အရေး တစ်ရပ် ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမှီစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျဉ်းထောင်များ၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာများကို ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက် မှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိမှု၊ လိုအပ်သော ဆေးဝါးများ စီမံထားရှိမှု စသော အကြံပြု ပေးခြင်းများ ဆောင်ရွက်နေပါကြောင်း၊ လူအားလုံး ပါဝင်နိုင်ပြီး သာတူညီမျှရှိကာ လက်လှမ်းမီနိုင် သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက်လည်း ပူးပေါင်းအကြံပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လူ့အခွင့်အရေးများကို ပိုမိုသိရှိနိုင် စေရန်အတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ သူနာပြုတက္ကသိုလ်များတွင် ဟောပြောပွဲများ အပါ အဝင် လူ့အခွင့်အရေး အသိပညာပေး ဟောပြောပို့ချမှုများတွင်လည်း ထည့်သွင်းပို့ချ ဆောင်ရွက် လျက်ရှိပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
(၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချ ကွန်ဖရင့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ ရုရှားနိုင်ငံ စံတော်ချိန် ည (၇) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
