EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ
EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / January 26, 2026
နေပြည်တော် ဇန်နဝါရီ ၂၆
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ်(Electric Vehicle ၊EV)ကဏ္ဍဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသန ဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့ နေ့လယ်ပိုင်း၌ Hybrid စနစ်ဖြင့် ကျင်းပသည့် လုပ်ငန်းကော်မတီ(၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်သည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်-နိုင်ငံတော်တွင် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ ဖန်လုံအိမ်ဓာတ်ငွေ့(မီးခိုးများ) ထုတ်လွှတ်သည့် ယာဥ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် လေထုနှင့် အသံညစ်ညမ်းမှုများလျှော့ချနိုင်ကာ ကျန်းမာရေး ကောင်းမွန်မှု အပါအဝင် အခြားအကျိုးကျေးဇူးများကို ပြည်သူတို့ ရရှိခံစားစေရေး၊ ကမ္ဘာနှင့် ရင်ပေါင် တန်းကာ Smart City များ ပေါ်ထွန်းလာစေရန်နှင့် Sustainable Society ကို တည်ထောင်နိုင်ရေးတို့အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက EV ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒ ချမှတ်ကာ ဆက်စပ်ဌာနများက ညွှန်ကြားချက် များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
သို့ဖြစ်ရာ မိမိတို့လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလများအတွင်း ကျေပွန်အောင် ဆက်လက်ဆောင်ရွက်သွားရန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ပ EV လုပ်ငန်းရှင်များနှင့် EV သုံးစွဲသည့် ပြည်သူလူထု၏ EV နည်းပညာလိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည့် နည်းပညာဖြန့်ဝေရေး လုပ်ငန်းစဉ်များကို ချမှတ်ထားသည့် အစီအမံများအတိုင်း ထိရောက်ပီပြင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ EV ဆိုင်ရာ မြန်မာစံချိန်စံညွှန်းများကို ထပ်မံ သတ်မှတ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ကမ္ဘာတစ်ဝန်း အပြိုင်အဆိုင်ဖြင့် မြန်ဆန်စွာ ဖွံ့ဖြိုးလျက်ရှိသော EV နည်းပညာအရွေ့များအတိုင်း အမီလိုက်ပါနိုင်ရေး သုတေသနများကို အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်သွားရန်၊ အိမ်စီး EV များအပြင် လယ်ယာစိုက်ပျိုးရေးသုံး EV များ၊ ဆိုလာသုံး EV အားသွင်း စနစ်များ၊ EV Metrology နှင့် EV ဘက်ထရီ သုတေသနများကို ပိုမို ထိရောက်ပီပြင်စွာ ဆောင်ရွက်ရန်၊ တဖန် သုတေသနရလဒ်များမှ ဉာဏပစ္စည်းမူပိုင်ခွင့်များ ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လက်တွေ့ကျသော သင်တန်းသစ်များကို ထပ်မံတိုးချဲ့ ပူးပေါင်းဖွင့် လှစ်သွားရန် တိုက်တွန်းမှာကြားပါသည်။
ထို့နောက် အစည်းအဝေးသို့ လူကိုယ်တိုင်နှင့် Onlin တို့မှတက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ ပြင်ပ EV အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက ယခင်လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အခမ်းအနားများတွင် ခင်းကျင်းပြသမည့် EV သုတေသနများ၊ အဋ္ဌမအကြိမ် မူကြမ်းအထိ ပြင်ဆင်ဆွေးနွေးခဲ့ပြီးဖြစ်သည့် EV Battery Waste Management Policy ထုတ်ပြန်နိုင်ရေးနှင့် ယခုနှစ်အတွင်း လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်အောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရာ ဒုတိယဝန်ကြီးက လိုအပ်သည့် အချက်များကို ဖြည့်စွက်ဆွေးနွေးကာ ဌာနများနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 01, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026
