EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကျင်းပ


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / February 24, 2026


နေပြည်တော် ဖေဖော်ဝါရီ ၂၄

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့ နံနက်ပိုင်း၌ Hybrid စနစ်ဖြင့် ကျင်းပသည့် လုပ်ငန်းကော်မတီ (၂/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်- နိုင်ငံတော်တွင် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ ဖန်လုံအိမ်ဓာတ်ငွေ့(မီးခိုးများ) ထုတ်လွှတ်သည့် ယာဥ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် လေထုနှင့် အသံညစ်ညမ်းမှုများလျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှု အပါအဝင် အခြားအကျိုးကျေးဇူးများကို ပြည်သူတို့ အမှန်တကယ် ရရှိခံစားစေရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒ ချမှတ်ကာ လုပ်ငန်းကော်မတီ ၅ ခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ကော်မတီ၏လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလများအတွင်း ကျေပွန်အောင် ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၆ ခုနှစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားနေ့၌ မိမိတိုပြခန်းရှိ EV ပြကွက်များအပေါ် လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အစီအမံများကို ဦးဆောင်ကော်မတီထံ တင်ပြနိုင်ရေး၊ ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ သုံးသပ်နိုင်ရေး၊ ပြင်ပ EV လုပ်ငန်းရှင်များနှင့် EV သုံးစွဲသည့် ပြည်သူလူထု၏ EV နည်းပညာလိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည့် နည်းပညာဖြန့်ဝေရေး လုပ်ငန်းစဉ်များကို ချမှတ်ထားသည့် အစီအမံများအတိုင်း အကျိုးရှိထိရောက်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ အပြိုင်အဆိုင်ဖြင့် မြန်ဆန်စွာ ဖွံ့ဖြိုးလျက်ရှိသော EV နည်းပညာအရွေ့များအတိုင်း အမီလိုက်ပါနိုင်ရေး သုတေသနများကို အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်သွားရန်၊ တဖန် သုတေသနရလဒ်များမှ ဉာဏပစ္စည်းမူပိုင်ခွင့်များ ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လက်တွေ့ကျသော သင်တန်းသစ်များကို ထပ်မံတိုးချဲ့ပူးပေါင်းဖွင့်လှစ်သွားရန် တိုက်တွန်းမှာကြားပါသည်။

ထို့နောက် အစည်းအဝေးသို့ လူကိုယ်တိုင်နှင့် Onlin တို့မှတက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ပ EV အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ယခုနှစ်အတွင်း လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်အောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရာ ဒုတိယဝန်ကြီးက လိုအပ်သည့်အချက်များကို ဖြည့်စွက်ဆွေးနွေးကာ ဌာနများနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

ဗီဒီယိုများ