KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 21, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၀

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ကယားပြည်နယ် ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ယနေ့ညနေပိုင်းတွင် ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသတစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများကတပ်မတော် စစ်ကြောင်းများ ၎င်းတို့၏နောက်သို့ ထပ်ကြပ်လိုက်လံ ချေမှုန်းတိုက်ခိုက်ခြင်းများ မဆောင်ရွက်နိုင်စေရန်အတွက် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် မယ်စဲ့မြို့နယ် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း) အား ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆင်ခြင်တုံတရားမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း KNPP၊ KNDF အဖွဲ့များ နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဖားဆောင်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း-ချိကွဲ့-စောင်းလော့ လမ်းကြောင်းပေါ်ရှိ အများပြည်သူ အားထားအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်အမျိုးအစား ပွန်ချောင်းတံတားအားထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ အရှေ့ဘက် ချဉ်းကပ်လမ်းနှင့် ကပ်လျက် တံတားတိုင်အမှတ်၊ K-2 မှ P-4 ထိ အရှည် ၆၅ ပေခန့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အများပြည်သူအဓိကသွားလာရာနှင့် ကုန်စည်များစီးဆင်းရာတွင် အဓိက အားထားအသုံးပြုနေသော စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်း၊ တံတားများအား တစ်ခုပြီးတစ်ခု ဆင်ခြင်တုံတရားမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးနေသည့် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို ကယားပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူများကပါ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023