MSME ဖွံ့ဖြိုးရေး နည်းပညာလိုအပ်ချက်များကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / January 20, 2026


နေပြည်တော် ဇန်နဝါရီ ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယခုလ ၁၇ ရက် နေ့လယ်၌ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ကျောင်းပိတ်ရက်ဖြစ်၍ ပင်မဆောင် မြေညီထပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ဖျော်ဖြေနိုင်ရန်အတွက် ပျော်ရွှင်ချမ်းမြေ့စွာ အကများ လေ့ကျင့်လျက်ရှိကြသော ကျောင်းသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားအဆောင်နှင့် ကျောင်းသူအဆောင်များဝန်းကျင်၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကာ လိုအပ်ချက် တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဒုတိယဝန်ကြီးက ကျောင်းသား၊ကျောင်းသူများအား နိုင်ငံ့အကျိုးပြု IT ပညာရှင်ကောင်းများအဖြစ် အနာဂတ်၌ တာဝန်များ ပခုံးပြောင်း ထမ်းဆောင်နိုင်ရေး ရည်မှန်းချက် ချမှတ်ပြီး ကျောင်းသားဘဝ တန်ဖိုးရှိသော အချိန်များကို အကျိုးရှိရှိ အသုံးချသွားရန်၊ ထွန်းသစ်စ နည်းပညာ အ‌ရွေ့များနှင့်အမီ လိုက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊  Agro-based Industries ၊ MSME ၊ Cybersecurity လုပ်ငန်းများ ဖွံ့ဖြိုးရေး တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် Agentic AI ဆိုင်ရာ သုတေသနလုပ်ငန်းများကို အဖွဲ့လိုက် ကြိုးပမ်းလေ့လာသွားရန်၊ ယင်းအပြင် ဝါသနာတူရာအဖွဲ့လိုက် စာပေလိုက်စားမှုများ၊ အနုပညာနှင့် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်သို့ AI၊ သုတ/ရသ စာအုပ်များနှင့် အားကစားပစ္စည်းများ ပေးအပ်သည်။   

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစဥ် ဒုတိယဝန်ကြီးက ဒေသတွင်းလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်မှုမှသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး တိုက်ရိုက်ထိရောက်မြန်ဆန်စွာ အကျိုးပြုနိုင်သည့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများကို စံနှုန်းများနှင့်အညီ စဥ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားပြီး စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာ ဘာသာရပ်အလိုက် လက်တွေ့ခန်းများ၊ အလုပ်ရုံများ၌ သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများကို လှည့်လည်ကြည့်ရှုအားပေးပြီး ရွှေပြည်သာ စက်မှုဇုန်နှင့် MSME များ ဖွံ့ဖြိုးရေး နည်းပညာ လိုအပ်ချက်များကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးနိုင်မည့် သုတေသနများကို ဦးစားပေးကာ ဆက်စပ်ဌာနများနှင့် အရှိန်မြှင့်တင် ပူးပေါင်း ဆောင်ရွက်သွားရန်၊ သုတေသန ရလဒ်များကို သက်ဆိုင်ရာဌာနများ၊ စက်မှုလုပ်ငန်းများသို့ စနစ်တကျ လွှဲပြောင်းနိုင်ရေးနှင့် မူပိုင်ခွင့်များရရှိရေးအတွက် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on January 23, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 24, 2026

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023