MSME ဖွံ့ဖြိုးရေး အထောက်အကူပြု နည်းပညာရှင် လူငယ်ကောင်းများကို အရည်အသွေးပြည်မီစွာ မွေးထုတ်
MSME ဖွံ့ဖြိုးရေး အထောက်အကူပြု နည်းပညာရှင် လူငယ်ကောင်းများကို အရည်အသွေးပြည်မီစွာ မွေးထုတ်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / January 22, 2026
နေပြည်တော် ဇန်နဝါရီ ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇန်နဝါရီ ၁၈ နံနက်၌ ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဒေါက်တာ နေဇာအောင်နှင့် ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း ဖွင့်လှစ်လျက်ရှိသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး ဆွေ့ဆုံပြီး ပြည်သူလူထု၏ စားရေရိက္ခာဖူလုံရေးအတွက် ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးရေး အမှန်တကယ် အကျိုးပြုနိုင်သည့် နည်းပညာရှင်များ ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး နည်းပညာစာအုပ်များအား ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဆန်စပါးအမျိုးအစားများနှင့် အရည်အသွေးတို့ကို AI ဖြင့် စိတ်ဖြာတိုင်းတာသည့် သုတေသနလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်၌ လက်တွေ့ကျကျ အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စင်္ကာပူ-မြန်မာသက်မွေးပညာသင်ကျောင်း (SMVTI) သို့ ရောက်ရှိပြီး အမှုထမ်းရာထူးများ ခန့်ထားရေးအတွက် ရေးဖြေစာမေးပွဲဖြေဆိုနေမှုများ၊ အင်ဂျင်နီယာဘာသာရပ်ဌာနများရှိ အလုပ်ရုံများ၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ် သင်တန်းများအတွက် လက်တွေ့လုပ်ငန်းခွင်များအတိုင်း ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး MSME ဖွံ့ဖြိုးရေး အထောက်အကူပြု နည်းပညာရှင်များကို အရည်အသွေး စံနှုန်းပြည်မီစွာ စဥ်ဆက်မပြတ် မွေးထုတ်ရန်နှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိရေးအတွက် ထိရောက် မြန်ဆန်စွာ အကျိုးပြုနိုင်မည့် အသက်မွေးဝမ်းကျောင်း ကာလတို သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အင်ဂျင်နီယာ ဘာသာရပ်အလိုက် လက်တွေ့ခန်းများ၊ အလုပ်ရုံများ၊ သုတေသနလုပ်ငန်းများနှင့် စာကြည့်တိုက်ကို ကြည့်ရှု စစ်ဆေးပြီး နိုင်ငံ့အကျိုးပြု စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် နည်းပညာရှင် လူငယ်ကောင်းများကို စဥ်ဆက်မပြတ် မြေတောင်မြှောက်ပေးနိုင်ရေး အလေးထား ဆောင်ရွက် သွားရန် တိုက်တွန်းမှာကြားပြီး စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on January 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
