MSMEs များ ဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာဖူလုံရေး အထောက်အကူပြု ဇီဝနည်းပညာသုတေသနများ အလေးထား ဆောင်ရွက်


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / June 26, 2025


နေပြည်တော် ဇွန် ၂၅

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၂၃ ရက် မွန်းလွဲ၌ ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာနနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မှုများ၊ MSMEs လုပ်ငန်းရှင်များထံ နည်းပညာ လွှဲပြောင်းမှုများနှင့် နည်းပညာဖြန့်ဖြူးမှုများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပသည့် အခမ်းအနားများတွင် ပြည်သူလူထုသို့ ဇီဝနည်းပညာ အသိပညာ ဗဟုသုတများ ဖြန့်ဝေပေးမှုများ၊အကျိုးပြုအဏုဇီဝပိုးများဖြင့် အဏုဇီဝပိုးအခဲ အပါအဝင် ဇီဝနည်းပညာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကာ ရလဒ်များကို အခြေပြု၍ ဇီဝထုတ်ကုန်များ ဆောင်ရွက်ထားရှိ မှုများကို ရှင်းလင်းတင်ပြပြီး ဌာနခွဲများအလိုက် တာဝန်ခံများက ဓာတ်ခွဲခန်းများတွင် သုတေသနပြု စမ်းသပ်နေမှုများ၊ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြုပြင်ရမည့် လုပ်ငန်းများနှင့် လိုအပ်ချက်အခက်အခဲများကို တင်ပြကြရာ ဒုတိယ ဝန်ကြီးက ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိုင်ငံတော်ရှိ MSMEs များ ဖွံ့ဖြိုးရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးသက်ရောက်မှုကြီးမားသည့် ဇီဝနည်းပညာသုတေသနများနှင့် ဝန်ဆောင်မှုလုပ်ငန်း များဖြစ်၍ သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အလေးထားဆောင်ရွက်ရန်၊ဇီဝနည်းပညာဖွံ့ဖြိုးမှုအရွေ့နှုန်းတို့နှင့် အတူလိုက်ပါနိုင်ရေး စဥ်ဆက်မပြတ် လေ့လာဆောင်ရွက်သွားရန်နှင့် မဲခေါင်-လန်ချန်းအပါအဝင် နိုင်ငံတကာ စီမံကိန်းများဖြင့် သုတေသနကွန်ရက်ကို ချဲ့ထွင်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ခင်းကျင်းပြသထားသော ဇီဝထုတ်ကုန်များကို ကြည့်ရှုအားပေးကာ ဇီဝ နည်းပညာသုတေသနရလဒ်များမှ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်မြန်ဆန်စွာ အကျိုးပြုနိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ MSMEs များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် များထံ နည်းပညာလွှဲပြောင်းမှုများ၏ အရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on July 01, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 01, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...

ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on June 30, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023