MSMEs များ ဖွံ့ဖြိုးရေး အထောက်အကူပြု နည်းပညာရှင်များ စံနှုန်းများနှင့်အညီ ပျိုးထောင်ဆောင်ရွက်


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / June 27, 2025


နေပြည်တော် ဇွန် ၂၆

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ ကျောက်ဆည်မြို့နှင့် မိတ္ထီလာမြို့တို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့် ကျောင်းများရှိ အဆောက်အအုံများတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော်လည်း သာမန်အငယ်စား ထိခိုက်မှုများကို ပြန်လည်ပြုပြင်ခြင်းဖြင့်လည်းကောင်း၊ ထိခိုက်မှုမရှိသော အဆောက်အအုံများတွင် သင်တန်များ ဖွင့်လှစ်ခြင်းဖြင့် လည်းကောင်း ပုံမှန်အတိုင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် အဆိုပါဒေသတို့ရှိ ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသားများအား နိုင်ငံတော်က နည်းပညာ ဆိုင်ရာ သင်ယူလေ့ကျင့်မှု အခွင့်အလမ်းများ မြှင့်တင်၍ စံနှုန်းများအတိုင်း ဝန်းကျင်ကောင်းများ ဖော်ဆောင်ကာ ပျိုးထောင်ဆောင်ရွက်ပေးလျက်ရှိသည်ကို တန်ဖိုးထားလေ့ကျင့်ကြကာ MSMEs များ ဖွံ့ဖြိုးရေးအတွက် မိမိတို့ ကိုယ်စီ ကျွမ်းကျင်သော နည်းပညာများကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ တဖန် နည်းပညာအရည်အသွေးပြည့်ဝရုံအပြင် ကျင့်ဝတ်များကို လေးစားလိုက်နာသော ဗလငါးတန်နှင့် ပြည့်စုံသည့် ပြည်သူလူထုအကျိုးပြု လူငယ်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် ဇွန် ၂၃ ရက် နေ့လယ်၌ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စားရိပ်သာသို့ ‌ရောက်ရှိခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ၄င်းတို့အတူ နေ့လယ်စာ သုံးဆောင်ပြီး ကျောင်းသားများထံ အဟာရဖြစ်ဖွယ် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း (ကျောက်ဆည်)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစဥ် ကျောင်းအုပ်ကြီးက အခက်အခဲတင်ပြမှုများအပေါ် ဖြေရှင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဒုတိယဝန်ကြီးသည် အလုပ်ရုံများတွင် လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစဥ် ပါမောက္ခချုပ် (တာဝန်ခံ)က Academic Calendar အတိုင်း သင်တန်းများ ဖွင့်လှစ်နေမှုများ၊ ကျောင်းသားများ ပုံမှန်အတိုင်း တက်‌ရောက်နေမှုများနှင့် ပြုပြင်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများ၏ စားရိပ်သာဆောင်များသို့ သွားရောက်ကာ ကျောင်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အဟာရဖြစ်ဖွယ် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)သို့ ရောက်ရှိ၍ အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများတွင် ကျောင်းသားများ၏ World Youth Skills Day ပြိုင်ပွဲများ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ဆိုလာစနစ်များအပါအဝင် လက်တွေ့လုပ်ငန်းများကို အုပ်စုဖွဲ့ လေ့ကျင့်နေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)သို့ ရောက်ရှိခဲ့ပြီး စာသင်ခန်းများနှင့် လက်တွေ့အလုပ်ရုံများ၌ ကျောင်းသားများကို ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများ၊ ကျောင်းသားများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on July 01, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 01, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...

ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on June 30, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023