Naypyitaw State Polytechnic University ၌ EV အသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) ကျင်းပ
Naypyitaw State Polytechnic University ၌ EV အသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) ကျင်းပ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / February 04, 2026
နေပြည်တော် ဖေဖော်ဝါရီ ၃
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ်(Electric Vehicle ၊ EV)ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် Naypyitaw State Polytechnic University ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် လျှပ်စစ်သုံးယာဉ်နည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) သို့ လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားများနှင့်အတူ တက်ရောက်သည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ မီးခိုးငွေ့များထုတ်လွှတ်သည့် ယာဥ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှုနှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့် အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ သန့်ရှင်းသော လေထုကိုရှရှိုက်မှုမှရရှိသည့် ကျန်းမာရေးကောင်းမွန်မှု အပါအဝင် အခြားဆုလာဘ်များကို ပြည်သူတို့ ရရှိခံစားနိုင်စေရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒ ချမှတ်ကာ လုပ်ငန်းကော်မတီ ၅ ခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
ယနေ့အသိပညာပေးပွဲသို့ တက်ရောက်လာသည့်ကျောင်းသားလူငယ်များသည် အနာဂတ်နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့်သူများဖြစ်၍ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ နိုင်ငံတော်တွင် Smart Transportation System များ၊ Smart City များ ပေါ်ထွန်းလာစေရေးနှင့် ရေရှည်စဥ်ဆက်မပြတ်ဖွံ့ဖြိုးခိုင်မာရေးတို့အတွက် EV ကဏ္ဍဖွံ့ဖြိုးရေး တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရန် မိမိတို့ ကိုယ်စီ လေ့လာသိရှိသည့် အသိပညာများကို အခြေခံ၍ ဆက်လက် ကြိုးပမ်းလေ့လာသွားရန်၊ EV နည်းပညာဆိုင်ရာ အသိပညာများကိုပြည်သူတို့အကြား စိမ့်ဝင်ပျံ့နှံ့သွားရန် ဆက်လက်ဖြန့်ဝေပေးကြရန်၊ EV ကားတွင် AI ဖြင့် အလိုအလျောက်ထိန်းချုပ်စနစ်များ တပ်ဆင်အသုံးပြုလာကြပြီး အားသွင်းစနစ်များနှင့် ပြုပြင်ထိန်းသိမ်းရေး ကိရိယာများတွင်ပါ AI ကို အသုံးပြုလာကြပြီဖြစ်ရာ အပြိုင်အဆိုင်နှင့် မြန်ဆန်စွာ ဖွံ့ဖြိုးလျက်ရှိသော EV နည်းပညာ အရွေ့များအတိုင်း အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)တို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော EV သင်တန်းဆိုင်ရာ မှတ်တမ်းဗွီဒီယိုကို ကြည့်ရှအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ပြင်ဦးလွင်မော်တော်ယဥ်သုတေသနဌာနက ဆောင်ရွက်လျက်ရှိသော ဆိုလာ EV အားသွင်း စနစ် သုတေသနနှင့် EV Battery Management System သုတေသန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ)က ဆောင်ရွက်လျက်ရှိသော Battery သုတေသနနှင့် လျှပ်စစ်စွန့်ပစ် ပစ္စည်းများမှ အဖိုးတန်အသုံးဝင်သော သတ္တုများ စမ်းသပ်ထုတ်လုပ်ခြင်းသုတေသန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနကခင်းကျင်းပြသထားသော EV Workshop ဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ကိရိယာများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက Battery Recycling နည်းပညာ၏ အရေးပါမှုနှင့် နိုင်ငံ၏ စက်မှုကဏ္ဍတွင် အသုံးချနိုင်မှု အခွင့်အလမ်းများ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လျှပ်စစ်သုံးယာဉ်ဆိုင်ရာ မြန်မာစံချိန်စံညွှန်း သတ်မှတ်မှုများ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လျှပ်စစ်သုံးယာဉ်ဆိုင်ရာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍ အသိပညာပေး ဟောပြောကြရာ ကျောင်းသားများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက ဖြည့်စွက်မှာကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စက်မှုဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာတို့က ဟောပြောသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 05, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 02, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 04, 2026
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
