PDF အမည်ခံအဖွဲ့များ ဥပဒေဘောင်အတွင်းခိုလှုံဝင်ရောက်ရန် ဖိတ်ခေါ် နှိုးဆော်တိုက်တွန်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 23, 2026
image_latest


နေပြည်တော် ဧပြီ ၂၂

နိုင်ငံတော်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်ပြီး ပြည်ပသို့ထွက်ပြေးသွားခဲ့ကြသူများက ဥပဒေအခြေခံမရှိဘဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို တရားမဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြကာ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်အတွက် PDF အမည်ခံအဖွဲ့များကိုဖွဲ့စည်းပြီး နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်စေခဲ့ကြသည်။

CRPH နှင့် NUG တို့သည် နိုင်ငံရေးအရ မှန်ကန်ခိုင်မာသည့် ရပ်တည်ချက်မရှိဘဲ ရှေ့နောက်မညီသည့် ထုတ်ပြန်ပြောဆိုမှုများကို ပြုလုပ်ခဲ့သည်။ CRPH က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး NUG ကို ဖွဲ့စည်းခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ CRPH က ကြေညာသည့် အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပျက်ပြယ်သွားပြီ ဆိုပါလျှင် ၎င်းတို့လွှတ်တော်ကိုယ်စားလှယ်များဆိုသည်မှာလည်း အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဆိုသည်မှာလည်းရှိတော့မည် မဟုတ်သကဲ့သို့ NUG ကို ဖွဲ့စည်း၍ပင်မရတော့ပေ။

အခြားတစ်ဖက်တွင်လည်း CRPH နှင့် NUG တို့က ၎င်းတို့သည်သာ ပြည်သူရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရဟုဆိုပြန်သည်။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အသိအမှတ်ပြုနေခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ဟုဆိုပါလျှင် ၎င်းတို့လည်းရှိတော့မည်မဟုတ်ပေ။ ၎င်းတို့ တရားဝင်တည်ရှိနေသည်ဆိုပြန်လျှင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) က တည်ရှိဆဲဖြစ်သည်ကို အသိအမှတ်ပြုသကဲ့သို့ဖြစ်နေသည်။ CRPH နှင့် NUG တို့သည် လမ်းပေါ်လျှောက်ရင်း လမ်းပျောက်နေသူများပင်ဖြစ်သည်။

၎င်းတို့သာ ရွေးကောက်ခံအစိုးရဆိုပြီး NUG ကို ဖွဲ့စည်းကြသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ သက်တမ်းကကုန်ပြီဖြစ်သည်။ ၎င်းတို့သည် မည်သို့ပင် တရားဝင်သည်ပြောနေသော်လည်း အခြေခံဥပဒေဖျက်သည်ဆိုလျှင်လည်း ပျက်သည့်အဖွဲ့အစည်း၊ အခြေခံဥပဒေတည်ဆဲပါဆိုလျှင်လည်း သက်တမ်းကုန်သည့် အဖွဲ့အစည်းအဖြစ် ရုပ်လုံးသဏ္ဌာန်မှာ ပီပြင်လာခဲ့ပြီဖြစ်သည်။

ယခုဆိုလျှင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် PDF အမည်ခံ အဖွဲ့အစည်းအသီးသီးတို့အနေဖြင့်လည်း လမ်းကြောင်းအမှန်ကို စဉ်းစားချိန်တန်ပြီဖြစ်သည်။ PDF အမည်ခံ အဖွဲ့အစည်းအသီးသီးတို့သည် နိုင်ငံတော်အစိုးရ၏ ကမ်းလှမ်းဖိတ်ခေါ်သည့်အတိုင်း ဥပဒေဘောင်အတွင်း အမြန်ဆုံးပြန်လည်ခိုလှုံဝင်ရောက်ဖို့ နှိုးဆော်တိုက်တွန်းထားကြောင်း သိရှိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

ဗီဒီယိုများ