PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကန့်ဘလူမြို့နယ် ကန့်ဘလူ - စံပယ်နံ့သာကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား လုံခြုံရေးတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ပြန်လည်ပြုပြင်ပြီးစီး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 20, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၉

PDF အမည်ခံ အကြမ်းဖက်သမားများနှင့်ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်းစေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိကြသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် နံနက် ၃ နာရီခွဲ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကန့်ဘလူ- စံပယ်နံ့သာကားလမ်း မိုင်တိုင်အမှတ် ၇ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားရှိ တံတားအရှည် ပေ ၃၀၊ အကျယ် ၂၇ ပေခန့်ရှိ သံကူ ကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပေါက်ကွဲမှုကြောင့် တံတားကြမ်းခင်း နှစ်ပေပတ်လည် ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာမှုမရရှိစေရန် တံတားအားသစ်ကိုင်းများဖြင့် ပိတ်ဆို့ထားကြောင်း သိရှိရသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တံတားပျက်စီးမှုအား ပြုပြင်ကြပြီး ပိတ်ဆို့ထားသည့် သစ်ကိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၈ ရက် ညနေနာရီတွင် တံတားပြုပြင်ခြင်းလုပ်ငန်းများပြီးစီးခဲ့ပြီး လူနှင့်ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 20, 2025

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023