ဒုတိယဝန်ကြီး ဦးမြင့်စိုး မြစ်သားမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြိုင်ကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ မြိုင်ကုန်းစိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လာမည့် မိုးဝါ စိုက်ပျိုးရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစု ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများ အသုံးပြုနိုင်ရေး၊ ထွက်ရှိသည့် ဝါပိသာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ် ဝါဖိစက်များ ထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သမဝါယမဝါစိုက်ပျိုးရေးအသင်းများ အနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်၊ အဆင့်မီဝါများ ရရှိအောင် စိုက်ပျိုးရေးနည်းပညာများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မြိုင်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက် အသင်းသားတောင်သူများအတွက် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က ဝါစိုက်ပျိုး‌ရေး လုပ်ငန်းဆိုင်ရာ သိကောင်းစရာများအား ‌တောင်သူအသိပညာပေး ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများ၏ ကုန်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၇) အထည်စက်ရုံ (မြစ်သား)သို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့်အတူ သွားရောက်ခဲ့ရာ စက်ရုံတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် စက်ရုံအတွင်း ဝါဂွမ်းမှ ချည်ထည်အဆင့်ထိ ဆောင်ရွက်နေသည့် လုပ်ငန်းနည်းစဉ် အဆင့်ဆင့်အား လိုက်လံကြည့်ရှုလေ့လာခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့၊ စုပေါင်းရုံးခန်းမတွင် ကျောက်ဆည် မြို့နယ်အတွင်းရှိ ဖျောက်ဆိပ်ပင်ကျေးရွာ၊ ကင်းကျေးရွာ၊ တောင်တော်ကျေးရွာနှင့် ကျောက်ဖျာ ကျေးရွာတို့မှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ပြီး ဝါစိုက်ပျိုးရေးလုပ်ငန်းအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဆီထွက် သီးနှံစိုက်ပျိုးရေး၊ လာမည့်မိုးစပါးရာသီ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြ ရန် မှာကြားကာ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုရေးလုပ်ငန်း တင်ပြချက်များ အပေါ် လိုအပ်သည်များ ‌ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 03, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023