မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် “စောင့်ပက်” တေးသီချင်းဗီဒီယိုနှင့် “စကားလေးတစ်ခွန်းပဲဖြေချစ်လား” တေးသီချင်းဗီဒီယိုတို့နှင့် ပတ်သက်သည့် သက်ဆိုင်သူများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 28, 2024
image_latest


ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေး နှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

အချို့သော တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိပါသဖြင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်ဖြစ်သည့် သင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းသော သီချင်းစာသားဖန်တီးမှုများဖြင့်လည်းကောင်း၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော ဝတ်စားဆင်ယင်မှုများဖြင့်လည်းကောင်း အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သည့် “စောင့်ပတ်”တေးသီချင်းဗီဒီယိုနှင့် “စကားလေးတစ်ခွန်းပဲဖြေချစ်လား” တေးသီချင်းဗီဒီယိုတို့နှင့် သက်ဆိုင်သူများအားလုံးကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

သို့ပါ၍ ရုပ်ရှင်နှင့်ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပြည်ပထွက်ခွာလိုသူ ပြည်သူများသို့ အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2024

၁။ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအားလုံး၌ ဥပဒေနှင့်အညီစိစစ်၍ အခမဲ့ဆောင်ရွက်ထုတ်ပေးလျက် ရှိပါသည်။

ပြည်သူများသို့ အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2024

၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် လူမှုဘဝမြှင့်တင်ရေးတို့အတွက် အီလက်ထရောနစ်နည်းပညာအသုံးပြု၍ နိုင်ငံအတွင်းနေထိုင်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက် အလက်များကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ ပြန်တမ်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 13, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေး) ဦးကျော်ကောင်းချိုကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023