မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲဆုချီးမြှင့် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်း


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 17, 2024


ဘားအံ - ဧပြီ (၁၇)

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဘားအံမြို့ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတတ်နေ့ ညနေပိုင်းက ဘားအံမြို့၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ဦးစွာ မဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးတို့က မဏ္ဍပ်အလှ ပထမ၊ ဒုတိယ၊ တတိယ ဆု၊ တပင်တိုင်အက၊ Copy သံစဉ် ယိမ်းအက၊ ကိုယ်ပိုင်သံစဉ်ယိမ်းအက နှစ်သိမ့်ဆုရရှိကြသူများ၊ ဂီတစာဆို (တပင်တိုင်/ယိမ်း) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ၊ ကိုယ်ပိုင်သံစဉ် (ယိမ်းအက/တပင်တိုင်အက) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ၊ တပင်တိုင်အကပြိုင်ပွဲ ဆုရရှိကြသူများ၊ Copy သံစဉ်ယိမ်းအကပြိုင်ပွဲတွင် ဆုရရှိ ကြသူများ၊ ကိုယ်ပိုင်သံစဉ်ယိမ်းအကပြိုင်ပွဲတွင် ဆုရရှိကြသူများအား အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်းဘေဘီမြင့်က Copy သံစဉ်ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသော ဘားအံပညာ ရေးဒီဂရီကောလိပ် မဟာသင်္ကြန်ယိမ်းအဖွဲ့အား စာအိတ်ဖွင့်ဖောက်ကြေညာ၍ ပထမ ဆုဖလားနှင့်ငွေသားဆု (၁၆)သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်ပိုင်သံစဉ်ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသော ငြိမ်းချမ်းပန်းတိုင် ချစ်သူမြိုင် မဟာသင်္ကြန်ယိမ်းအဖွဲ့အား စာအိတ်ဖွင့်ဖောက်ကြေညာ၍ ပထမဆုဖလားနှင့် ငွေသားဆု သိန်း(၂၀)ကျပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဆုရရှိကြသော တပင်တိုင်အကအဖွဲ့များ၊ မဟာသင်္ကြန်ယိမ်းအကအဖွဲ့များက ပြန်လည်ကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် ဘားအံမြို့ ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်သိမ်း ကြောင်း ကြေညာပြီး မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေ၍ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on April 26, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023