ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဗမာတိုင်းရင်းသားရိုးရာအိမ်၌ ကျင်းပသည့် ဗမာ့ရိုးရာကျေးလက်သင်္ကြန်ပွဲတော်အခမ်းအနားသို့တက်ရောက် ရန်ကုန် ဧပြီလ ၁၀


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ ရန်ကုန်တိုင်းဒေသကြီး / April 23, 2024
image_latest


ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရုံးနှင့် ဗမာလူမျိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍  မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဗမာ့ရိုးရာ ကျေးလက်သင်္ကြန်ပွဲတော်အခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဗမာ တိုင်းရင်းသား ရိုးရာနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဗမာလူမျိုး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။ 

ရှေးဦးစွာ အခမ်းအနားကို မြူမှောင်ဝေကင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက နှစ်သစ်ကူး အကြို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် ယဉ်ကျေးမှုအဖွဲ့မှ အတာင်္ကြန် တေးသီချင်းများဖြင့် ဖေျာ်ဖြေခဲ့ပြီး၊ ဗမာသိုင်း အကျော်အမော်များမှ ဗန်တို၊ ဗန်ရှည် သိုင်းပညာ၊ ဝါးရင်းတုတ်သိုင်းပညာ၊ ဓားသိုင်းပညာရပ်များ အား သရုပ်ပြတင်ဆက်ခဲ့ပြီး ရိုးရာခြင်းလုံးပညာရှင်များမှ ဗမာ့ရိုးရာခြင်းလုံးအားကစားနည်းအား အလှပြတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ကပြဖျော်ဖြေသရုပ်ပြခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ထောက်ပံ့ ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော တိုင်းရင်းသား မိသားစုများက မန်းတောင်ရိပ်ခို တေးသီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်း ခဲ့ပါသည်။ 











သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 03, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023