တိုင်းစစ်ဌာနချုပ်အသီးသီး၌ (၇၉) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများ ကျင်းပပြုလုပ်
တိုင်းစစ်ဌာနချုပ်အသီးသီး၌ (၇၉) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများ ကျင်းပပြုလုပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 28, 2024
နေပြည်တော် မတ် ၂၈
(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးကျင်းပပြုလုပ်ကြသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားသို့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့်တာဝန်ရှိသူများက တက်ရောက်မိန့်ခွန်းပြောကြားကာ စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက် (၇၉) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစား ပြိုင်ပွဲများ၊ သင်တန်းများတွင် ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသူများနှင့် အဆင့်တိုးမြှင့်ခြင်းခံရသည့် စစ်သည်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက အဆင့်တံဆိပ်များ၊ ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တပ်မတော်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။ ညပိုင်းတွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် အသီးသီးပြုလုပ်ခဲ့ကြသည်။
အလားတူ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များတွင်လည်း (၇၉) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၂၇၃၉ ခု
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download