နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကြိုးပမ်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 04, 2023
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု မြင့်မားတိုးတက်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန်နှင့် သွင်းကုန်အစားထိုး ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်‌နေသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံမှုဂရုပြုဆောင်ရွက်ရေး၊ ဈေးကွက်ကိုအခြေခံသောစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်‌နေမှုကိုလည်းကောင်း၊ တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူထားရှိမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် ကမ်းပါးနီကျေးရွာရှိ ကြံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၏ ၂၀၂၃-၂၀၂၄ ကြံရာသီ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှု၊ ကြံလမိုင်းစိုက်ခင်း၊ ပင်ပျိုအခင်းသစ် စိုက်ကွက်နှင့် အထူးအထွက်တိုး ကြံမျိုးများစိုက်ပျိုးခြင်း တောင်သူပညာပေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး နည်းပညာပြန့်ပွားရေးနှင့် သုတေသနလုပ်ငန်းများတွင် တောင်သူများပူးပေါင်း ပါဝင်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပန်းတင်ကျေးရွာရှိ ဟိန်းမဟာ အသားတိုးကြက်မွေးမြူရေးခြံ၏ အသားစားကြက် ၁၈၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ အလယ်ကျွန်းကျေးရွာအုပ်စု သစ်ခေါက်ခွာ ကျေးရွာမြစ်ကျိုးအင်း ငါးမွေးမြူရေးကန် (၁၆ ဒသမ ၉၄ ဧက)တွင် ငါးမွေးမြူရေးတောင်သူ၏ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ရွှေဝါငါးကြင်းနှင့်ငွေရောင်ငါးကြင်းများ မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၆၈၀ ခု

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်နေ့၊ ဖေဖော်ဝါရီ ၂၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download