ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု သွားရောက်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု သွားရောက်ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 01, 2023

နေပြည်တော် စက်တင်ဘာ ၃၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံများအနေဖြင့် အသစ်တည်ဆောက်ခြင်းများမပြုလုပ်နိုင်မီကာလတွင် ရှိပြီးစက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းမောင်းနှင်သွားရန်လိုအပ်ပါကြောင်း၊ ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် စက်များ၏ကြံ့ခိုင်ရေးကိုလည်း စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်ရုံများ၌ အရေးပေါ်လိုအပ်ချိန်တွင် အစားထိုးတပ်ဆင်နိုင်ရန် ထရန်စဖော်မာများကို အရန်အဖြစ်ထားရှိသွားရန်လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှုနှင့် တာဘိုင်စက်ခန်းအတွင်း ဓာတ်အားပေးစက်များမောင်းနှင်နေမှု၊ Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲနှင့်ပင်မတမံကြံ့ခိုင်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်ဘက် ၇ မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်ထားပြီး စက်တပ်ဆင်အင်အား ၂၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်နှစ်လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်မှ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၂၀ ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်လျက်ရှိသော ဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၂၅၇၈ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
Information Sheet (4-12-2023) / Burmese (Myanmar Version)
ထုတ်ဝေသူ: Information Sheet/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 38
ဘာသာစကား: Burmese (Myanmar Version)
Download
Information Sheet (4-12-2023) / English Version
ထုတ်ဝေသူ: Information Sheet/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 38
ဘာသာစကား: English Version
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download