ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနှင့် တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ်(၀၃၂)တို့ကို ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 29, 2024
image_latest


ရန်ကုန် ဧပြီ ၂၈

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ် (၀၃၂)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို အထွေထွေ မန်နေဂျာက နေ့စဉ်ကုန်းတွင်းနှင့် ကမ်းလွန်မှ ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အား ထိန်းညှိဖြန့်ဖြူးပေးနေသည့် အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်သည်ဖြစ်၍ အကျိုးရှိစွာ အသုံးပြုရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းသဘာဝဓာတ်ငွေ့ရောင်းချမှုအားလုံးကို ထုထည်အခြေပြုအစား အပူစွမ်းအင်အခြေပြုဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနပြုလုပ်၍ နည်းပညာအသုံးပြုဆောင်ရွက်ခဲ့သဖြင့် မအူပင်၊ အဖျောက်နှင့် မြန်အောင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး တိုးတက်ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှုရှိစေရေး အတွက် YBS ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ အထူးသက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်က စိုက်ထုတ်ပြီး CNG ရောင်းချပေးလျက်ရှိကြောင်း၊ CNG ကို ဓာတ်ဆီ၊ ဒီဇယ်များနှင့် နှိုင်းယှဉ်အသုံးပြုရာတွင် ကုန်ကျစရိတ်အနေဖြင့် CNG အသုံးပြုမှုသည် များစွာသက်သာနေသည်ကို အသုံးပြုသူများအသိပင် ဖြစ်ပါကြောင်း၊ နည်းပညာဆိုင်ရာ သုတေသနပြုမှုများအရ CNG သည် သန့်ရှင်းသည့် စွမ်းအင်အမျိုးအစား ဖြစ်၍ စက်ပစ္စည်းများ၏သက်တမ်းကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုလအတွင်းပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကိန်းဂဏန်းအချက်အလက်များဖြင့် ဆွေးနွေးရှင်းပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ အားသာချက်များရှိသည့်အတွက် CNG အသုံးပြုခွင့်ရရှိနေသည့် မော်တော်ယာဉ်ပိုင်ရှင်များ၊ အငှားယာဉ်မောင်းများအနေဖြင့် ခရီးသည်များထံမှ ယာဉ်စီးခများတောင်းခံရာတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ကားများထက် သိသာစွာလျှော့ချ၍ တောင်းခံပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း၊ အနာဂတ် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးကဏ္ဍတွင် One BTU စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ဓာတ်ငွေ့ပေါင်းဆုံမည့် Gas Hub နှင့် ပိုက်လိုင်းကွန်ရက်အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ အလေးထားဆောင်ရွက်သွားကြရန်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့သုံး CNG အရောင်းဆိုင်များမှ မန်နေဂျာများကို လိုအပ်သည်များမှာကြားပြီး ပြည်သူများကိုဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန် ခေတ်မီစက်ကိရိယာများဖြင့် CNG အိုးများ စမ်းသပ်စစ်ဆေးနေသည့် CNG Retest Factory အလုပ်ရုံကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၃၂)သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေးဆွဲထားသည့် Standard Operating Procedure (SOP) များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ စက်များ ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်ရေးအတွက် regular maintenance နှင့် preventive maintenance များ ကို ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်ပြီး နှစ်အလိုက်အစီအမံများ ရေးဆွဲဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားကာ CNG သုံးခရီးသည်တင် YBS ယာဉ်နှင့် အငှားယာဉ်များအား CNG ဖြည့်တင်းပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၇၅၅ ခု

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download