နောက်ဆုံးရသတင်းများ - ၈၇၀၉၆ ခု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီး(တောင်ပိုင်း)ရပ်ကွက်၊ အမှတ်(၂)လမ်းရှိ ဂိုဒေါင်အဆောက်အဦ မီးလောင်မှု

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီး(တောင်ပိုင်း)ရပ်ကွက်၊ အမှတ်(၂)လမ်းရှိ ပိုင်ရှင် ဦးကျော်ထွန်း၏ အမှတ်(၂၄၇)၊ ၂၅ x ၄၀ ပေ၊ သွပ်မိုး၊ မြေစိုက်၊ ကွန်ကရစ်ခင်း တစ်ထပ် ဂိုဒေါင်အဆောက်အဦတွင် ဓာတ်ဆီထည့်ထားသော ငါးဂါလန်သံပုံးအား ဂွဖြင့်လှည့်ဖွင့်ရာမှ မီးပွားထွက်၍ ဓာတ်ဆီပုံးသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၃၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ရန်မန်းလမ်းသွယ်(၈)၊ ချမ်းမြသာယာ ရပ်ကွက်ရှိ နေအိမ်မီးလောင်မှု

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီ ၁ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ရန်မန်းလမ်းသွယ်(၈)၊ ချမ်းမြသာယာရပ်ကွက်ရှိ ပိုင်ရှင် ဦးလှဝင်းထွဋ်၏ ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း တစ်ထပ်နေအိမ်တွင် အားသွင်းပန်ကာ အားသွင်းထားရာမှ အပူလွန်ကဲပြီး အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်မှု

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)ခန်းမ၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)ခန်းမ၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း အင်အား ၃၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း အင်အား ၂၁၀ ဦး တက်ရောက်ခဲ့ကြပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ဘိန်းခင်းများဖျက်ဆီး

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ နာဘော်ခိုင်ကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း ခြောက်ဧကခန့်အားလည်းကောင်း၊ ဖားအီကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း နှစ်ဧကခန့်အားလည်းကောင်း၊ ဘာထန်ကျေးရွာ၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း နှစ်ဧကခန့်အားလည်းကောင်း၊ စုစုပေါင်း ဘိန်းခင်း ၁၀ ဧကခန့်အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်း ယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 09, 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

သတင်းစာများ - ၃၀၇၁ ခု

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၈ ရက် ၊စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၇ ရက် ၊သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download