(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး UNOCHA အဖွဲ့၏ Head of Office ဖြစ်သူ Mr.Sajjad Mohammad Sajid နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 06, 2023


ဘားအံ - ဒီဇင်ဘာ (၆)

၂၀၂၃ ခုနှစ်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့မြန်မာတစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ်၊ ညီညွတ်ရေးစိတ်ဓာတ်များ ရှင်သန်လာစေရန်၊ မြန်မာ့သမိုင်းနှင့်မြန်မာစာကိုအလေးထား၍ အမျိုးသားရေးအစဉ်အလာများကိုတန်ဖိုးထားတတ်စေရန်၊ ယနေ့ခေတ်လူငယ်မောင်မယ်များသိရှိလေ့လာမှတ်သား နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိစာရေးဆရာများစုပေါင်း၍ လူငယ်မောင်မယ်များ ကို အသိပညာဗဟုသုတကြွယ်ဝစေရန် ဟောပြောကြမည်ဖြစ်ပြီး စာရေးဆရာများကလည်း အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သောအကြောင်းအရာများကို မိမိတို့သိရှိလေ့လာထားသော ရှုထောင့်များမှ အမျိုးသားရေးစိတ်ဓာတ်များ၊ မြန်မာ့သမိုင်း၊ မြန်မာ့စာပေယဉ်ကျေးမှုများကို တန်ဖိုးထားတတ်လာအောင် ကျောင်းသား၊ကျောင်းသူ၊လူငယ်မောင် မယ်များ၏ ရင်ထဲ၊နှလုံးသားထဲရောက်အောင် သင်ခန်းစာယူနိုင်အောင် ဟောပြောပေးကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် စာရေးဆရာ စောဝီအဲကုံ(သိင်္ခသူ၊မြန်မာစာ)က “တို့ဘယ်မမေ့အမျိုးသားနေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ဒေါ်ဆုလာဘ်နွယ်(ဆုလာဘ်နွယ်၊ဘားအံ)က “စီးဆင်းနေသည့်ဧရာဝတီနှင့် သူ့ကျွန်အဖြစ်နစ်ခဲ့ဖူးပြီ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာဦးစောတင်မောင်စိန်(မြတ်နိုးအိမ်၊ဇွဲကပင်)က “အမျိုးသားနေ့နှင့်အနာဂတ်လူငယ် ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက ဟောပြောဆွေးနွေးပေးကြ သော စာပေပညာရှင်(၃)ဦးအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြပြီး စာပေဟောပြောပွဲသို့တက် ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊လူငယ်မောင်မယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က The United Nations Office for the Coordination of Humanitarian Affairs (UNOCHA) အဖွဲ့၏ Head of Office ဖြစ်သူ Mr.Sajjad Mohammad Sajid နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဘားအံမြို့ရှိ ကုလသမဂ္ဂအေဂျင်စီ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသော အဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ပဋိပက္ခများကြောင့် ယာယီပြောင်းရွှေ့လာမည့် စစ်ဘေး ရှောင်များအတွက် ကူညီကယ်ဆယ်ရေးနှင့်ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်များ၌ ယာယီနေရပ်စွန့်ခွာသူများအား ကူညီဆောင်ရွက်မှုများရရှိနိုင် ရေးဆိုင်ရာကိစ္စရပ်များ၊ သက်တမ်းကုန်ဆုံးခဲ့သည့် သဘောတူညီမှုစာလွှာ(LOA)သက်တမ်းတိုးလက်မှတ်ရေးထိုးနိုင် ရေးဆိုင်ရာကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။

 

သတင်းစာများ - ၂၆၈၀ ခု

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်နေ့၊ ဖေဖော်ဝါရီ ၂၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download