(၁၈) ကြိမ်မြောက် အာဆီယံလူမှုသစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 28, 2024
image_latest


နေပြည်တော် မေ ၂၇

အာဆီယံလူမှုသစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Social Forestry–AWGSF) ၏ (၁၈) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်းကြင်းခန်းမ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ AWG-SF လုပ်ငန်းအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ AWG-SF အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူမှုသစ်တောကဏ္ဍတွင် အာဆီယံအသင်း၏ ပူးပေါင်းဆောင်ရွက်မှုအခြေခံရည်ရွယ်ချက်မှာ အာဆီယံဒေသအတွင်း သစ်တောထွက်ပစ္စည်းများထုတ်လုပ်မှု နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးနှင့် ဒေသတွင်း ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုကို မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အဓိကရလဒ်အနေဖြင့် အာဆီယံ ဒေသအတွင်း သစ်တောဖုံးလွှမ်းသည့် မြေယာရှုခင်းများ၌ ဓလေ့ထုံးတမ်းအရ မြေပိုင်ဆိုင်မှုစနစ်များတွင် လွတ်လပ်သည့် ကြိုတင်အသိပေးတိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း (Free, prior and informed consent-FPIC) ကို ကျင့်သုံးရေးအတွက် ရေးဆွဲထားသည့် လက်စွဲစာအုပ်အပေါ် အပြီးသတ်ဆွေးနွေးခြင်း၊ လူမှုသစ်တောကဏ္ဍတွင် အာဆီယံပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးက မိမိတို့နိုင်ငံအလိုက် လူမှုသစ်တောဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ မူဝါဒနှင့် ဥပဒေများ၊ အလေ့အထကောင်းများနှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများကို တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် သစ်တောကဏ္ဍဆိုင်ရာကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံများက လွတ်လပ်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၈၀၂ ခု

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၁၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၁၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၁၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ ဇွန် ၁၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ ဇွန် ၁၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ ဇွန် ၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ ဇွန် ၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ ဇွန် ၁၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download