(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သိမ်တော်ကြီး-ကမော့ကစင်လမ်းသစ်ဖွင့်လှစ်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / February 09, 2023


ဘားအံ - ဖေဖော်ဝါရီ (၉)

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ကရင်ပြည်နယ် လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော သိမ်တော်ကြီး-ကမော့ ကစင်လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်က ကမော့ကစင်ကျေးရွာ မြို့ရှောင်လမ်းဘက်ခြမ်း ရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

သိမ်တော်ကြီး-ကမော့ကစင်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးများ တိုးတက်ဖြစ်ထွန်းလာ စေရန်ရှေ့ရှုပြီး ယခင်တောင်ယာသွားလမ်းအဖြစ် လူသွားလမ်းသာသာရှိခဲ့သောလမ်းကို သံကူကွန်ကရစ် Box Culvert များထည့်သွင်း၍ အရှည် ၃ ဒဿမ ၀၄၁ ကီလိုမီတာ အကျယ် ပေ ၃၀ ရှိ ရာသီမရွေးသွားလာနိုင်သော အမာခံ မြေသားလမ်းအဖြစ် ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း Box Culvert များ၊ ကျောက်စီမြေထိန်းနံရံ၊ ကျောက်စီရေမြောင်းများနှင့် ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေး သွားရန် လျာထားပေးပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း နိုင်ငံတော်မှအကုန်အကျခံဆောင်ရွက်ပေး ထားသည့်လမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များ ကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက သိမ်တော်ကြီး-ကမော့ကစင်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

သိမ်တော်ကြီး-ကမော့ကစင်လမ်းသစ်ကို ၂၀၂၁ ခုနှစ် မီနီဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂ ဒဿမ ၅၅၉သန်းဖြင့် ပေ ၃၀ အကျယ်မြေသားတစ်ကြောင်းထိုးလမ်း အဖြစ်စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရာသီမရွေးသွားလာနိုင်သော အမာခံမြေသားလမ်းအဖြစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၄၀၁ ဒဿမ ၄၉ သန်းဖြင့် ပေ ၃၀ အကျယ်မြေသားတာဘောင်တည်ဆောက်ခြင်း၊ ၂၂ ပေအကျယ် ၄ လက်မထု မိုင်းချီး ခင်းကြိတ်ခြင်း၊ ၅ပေ x ၄၀ ပေ သံကူကွန်ကရစ် Box Culvert ၅ စင်းတို့ကို ဆောင်ရွက်ပေးခဲ့ကာ ဖြည့်စွက်ရန်ပုံငွေ ကျပ် ၉၃ ဒဿမ ၇၅ သန်းဖြင့် ၅ပေ x ၅၀ပေ သံကူကွန်ကရစ် Box Culvert ၃ စင်းကို ဆောင်ရွက်ပြီးစီးဖွင့်လှစ်ပေး ခဲ့ခြင်းဖြစ်ပြီး ဘားအံမြို့တွင်း ဇွဲကပင်ကုန်း မြို့ပတ်လမ်းမှ မြို့ရှောင်လမ်း၊ထိုမှတစ်ဆင့် ဘားအံမြို့ရှောင်လမ်းအတိုင်း မြို့အဝင်အဝိုင်း/သံလွင်တံတား-ရန်ကုန်ဘက်သို့လည်းကောင်း၊ ကော့ကရိတ်-မြဝတီဘက်သို့လည်းကောင်း၊ ဘားအံ- ကြာအင်းလမ်းအတိုင်း ဇွဲကပင်တောင်ခြေဘက်သို့လည်းကောင်း၊ ဘားအံနည်းပညာတက္ကသိုလ်ဘက်သို့လည်ကောင်း ယာဉ်ကြောပိတ်ဆို့မှုနည်းပါးစွာ ယာဉ်လမ်းအန္တရာယ်နည်းပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ သွားလာနိုင်တော့မည်ဖြစ်ပါသည်။

 

သတင်းစာများ - ၂၁၉၄ ခု

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ဧပြီ ၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ဧ ၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ မတ် ၃၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

29-3-2023 ရက်နေ့ထုတ် Information Sheet (Myanmar)


ထုတ်ဝေသူ: MOD/ March 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 21

ဘာသာစကား: Myanmar

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ မတ် ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မတ် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ မတ် ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download