PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်
PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 05, 2024
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဈေးပိုင်းရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လွိုင်ကော်မြို့နယ်၊ ဒေါတမရပ်ကွက်နေ မသိန်းသိန်းလွင်(၂၆)နှစ်နှင့် မသဇင်မိုး(၁၈)နှစ်တို့သည် ၎င်းတို့၏ နေအိမ်မှ အမှတ်(၄)လမ်းမအတိုင်း ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဉ် ဈေးပိုင်းရပ်ကွက်အရောက် အကြမ်းဖက်သမား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး လွိုင်ကော်မြို့၊ အမှတ်(၇)တပ်မတော်ဆေးရုံ (ခုတင်- ၁၀၀) သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၆ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဦးထွန်းထွန်းဝင်း (၄၇)နှစ်သည် ၎င်း၏နေအိမ်မှ နတ်ထားကျေးရွာသို့ သွားရောက်စဉ် ကျေးရွာအရှေ့ပိုင်းလမ်းပေါ် အရောက် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး (စိစစ်ဆဲ) က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးထွန်းထွန်းဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၂၇၅၈ ခု
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download