ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 26, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်နှင့် ၂၄ ရက်က ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်၊ BOC လမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်နေ ဝင်းခိုင်(၄၅)နှစ် မောင်းနှင်လာသည့် YGN/ 1K-XXXX TOYOTA TENPERLITE မော်တော်ယာဉ်နှင့် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်နေ လေဝိ(၄၅)နှစ် မောင်းနှင်လာသည့် YGN/7J-XXXX TOYOTA NOAH မော်တော်ယာဉ်တို့အားလည်းကောင်း။
အလားတူ ဇွန် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နမ္မတီးမြို့၊ မြို့ဦးရပ်ကွက် “ကျားပြောင်း” ဆီဆိုင်လမ်းဆုံအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ ပြည့်စုံငြိမ်း(၄၃)နှစ် မောင်းနှင်လာသည့် KCN-17/1S-XXXX HEAVY DUTY မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ ဇွန် ၂၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ဟိုပင်တိုးဂိတ်အနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မိုးညှင်းမြို့ဘက်မှ မိုးကောင်းမြို့ဘက်သို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်နေ ဇော်မင်းထိုက်(၄၁)နှစ် မောင်းနှင်လာသည့် YGN/1L-XXXX TOYOTA CROWN မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ ဇွန် ၂၃ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စစ်တောင်းတံတားသစ်(မုပ္ပလင်တံတား)၌ ဝေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့ဘက်မှ ပဲခူးမြို့ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၄)ရပ်ကွက်နေ ကျော်လွင်ထွန်း(ခ)စောလှပွဲ(၄၀)နှစ် မောင်းနှင်လာသည့် YGN-22/RLG-XXXX NISSAN X-TRAIL မော်တော်ယာဉ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝင်းခိုင်၊ လေဝိ၊ ပြည့်စုံငြိမ်း၊ ဇော်မင်းထိုက်နှင့် ကျော်လွင်ထွန်း(ခ)စောလှပွဲတို့ ငါးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၂၀၅ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။
